Published
Saturday, January 08, 2022
မြစ်ဆုံနဲ့မေခမြစ်တစ်ကြောမှာ အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့သူတချို့ စက်ကြီးတွေနဲ့ရွှေတူးဖော်နေ
- စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ဆုံနဲ့ ချီဖွေမြို့ မေခမြစ်တစ်ကြောမှာ အာဏာသိမ်းစစ်တပ်နဲ့ ဆက်စပ်တဲ့လူတချို့က စက်ကြီးတွေနဲ့ ရွှေတူးဖော်နေကြပါတယ်။
- စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ PDF တပ်တွေက စိုးမိုးထားနိုင်တဲ့နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်အကောင်အထည်ဖော်နေပြီလို့ သိရပါတယ်။
- တိုက်ပွဲအတန်ကြာငြိမ်သက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲ မုံးပေါ်ဒေသမှာ ဒီအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA တပ်ရင်း ၃၆ တို့ကြား တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်






