မြောင်မြို့နယ်က "မင်းအောင်လှိုင် ခေါင်းကန်ပွဲ" အမျိုးသမီး အသင်း ၄ သင်း ဝင်ပြိုင်

မြောင်မြို့နယ်က "မင်းအောင်လှိုင် ခေါင်းကန်ပွဲ" အမျိုးသမီး အသင်း ၄ သင်း ဝင်ပြိုင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် "မင်းအောင်လှိုင် ခေါင်းကန်ပွဲ" ခေါင်းစဉ်ဖြင့် လွတ်လပ်ရေးနေ့ ဘောလုံးပွဲ နှစ်ရက်ကြာ ကျင်းပခဲ့ရာ အမျိုးသမီး အသင်း လေးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ခေါင်းကန်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အမျိုးသား ၂၂ သင်း ပါဝင်ကာ အမျိုးသမီး လေးသင်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

"ပါဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ညီမတို့ M2W အဖွဲ့ဆိုပြီး အတူတူ မနေရဘူး၊ မိုင်းအဖွဲ့ဆိုပြီး သပ်သပ်စီ ခွဲနေရတယ်။ အဖွဲ့ဖွဲ့ပြီးတည်းက သိပ်ပြီး မတွေ့ဖြစ်ကြဘူး၊ အဲ့ဒါကြောင့် ရင်းရင်းနှီးနှီး ဖြစ်သွားအောင် ဝင်ပြိုင်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှု ပိုတိုးသွားအောင်ပေါ့။ ပြီးတော့ ညီမတို့ အခုလို ပျော်ပျော်ရွှင်ရွှင် ဝင်ပြိုင်နေတာကို ပြည်သူတွေ တွေ့ရင်လည်း အမျိုးသမီး PDF လေးတွေ ဒီလိုမျိုး လုပ်နေပါလားဆိုပြီး အားတက်လာအောင် အားကျလာအောင်ဆိုပြီး ပြိုင်ဖြစ်တာပါ" ဟု Myaung Women Warriors အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါပြိုင်ပွဲကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM) က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးအသင်း အဖြစ် (၁) ပြန်ကြားရေးနှင့် ဘဏ္ဍာရေးအသင်း (၂) ခွဲမှူး၊ စုမှူး၊ စိပ်မှူး အသင်း (၃) စစ်သည်တော်အသင်း (၄) ဒိုင်ယာနာအသင်း တို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

"အမျိုးသမီးတွေ ဖြစ်တဲ့အတွက် ဘောလုံးလည်း မထိဘူး။ မကန်ဖူးကြဘူး ဆိုတော့ နဲနဲတော့ ထူးခြားတာပေါ့၊ ခေါင်းတိုက်ရင် ဒဏ်ကြေး ၁၀၀၀ ဆောင်ရတယ်။ အမျိုးသမီးတွေ ဆိုတော့ ယောက်ျားလေးတွေလောက် မကြမ်းတော့ ဒဏ်ကြေး ဆောင်ရတာမျိုးတော့ မရှိဘူး။ အခက်အခဲကတော့ ညီမတို့ ပြိုင်ပွဲလုပ်နေတဲ့ အချိန်မှာ မြောင်အနောက်ဘက်ကနေပြီး ခွေးတွေ တက်လာတာလေး တစ်ခုပဲပေါ့၊ အဲလောက်ကြီးတော့ အခက်အခဲတော့ မဖြစ်သွားဘူး" ဟု ၎င်းကပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းပုံပါ ဘောလုံးဖြင့် ဘောလုံးပွဲကို စတင်ခဲ့ကြောင်း သိရသည်။

အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...