တနင်္သာရီမှာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လအတွင်း ပြည်သူ ၆၀ ကျော် အကြောင်းမဲ့ ပစ်သတ်ခံရ

တနင်္သာရီမှာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လအတွင်း ပြည်သူ ၆၀ ကျော် အကြောင်းမဲ့ ပစ်သတ်ခံရ

တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ၁၁ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆၄ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် ပျားကလေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Bee Tenasserim လို့ ခေါ်တဲ့ ပျားကလေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၅၆ ဦးနဲ့အမျိုးသမီး ၈ ဦး စုစုပေါင်း ၆၄ ဦး သေဆုံးခဲ့တာပါ။

သေဆုံးသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပစ်သတ်ခံရတာ၊ စစ်ကြောရေးမှာ သေဆုံးတာ၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် အကြောင်းမဲ့ ပစ်သတ်ခံရတာ၊ စစ်ကောင်စီဂိတ်စခန်းတွေမှာ မရပ်ပေးဖို့ ပစ်သတ်ခံရတာတွေလည်း ပါဝင်ပါတယ်။

မြို့နယ်အလိုက် သေဆုံးမှုမှာတော့ ထားဝယ်က ၁၆ ဦး၊ မြိတ်က ၁၃ ဦး၊ လောင်းလုံးက ၁၂ ဦး၊ ကော့သောင်းက ၁၁ ဦး၊ ပုလောက ၄ ဦး၊ ရေဖြူနဲ့ သရက်ချောင်းက ၃ ဦးစီ၊ ဘုတ်ပြင်းနဲ့ တနင်္သာရီက ၁ဦးစီ ပါဝင်တာပါ။

ပျားကလေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အခုအချက်အလက်တွေ လက်လှမ်းမှီသလောက် ပြုစုထားတာ ဖြစ်လို့ မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

Bee Tenasserim လို့ ခေါ်တဲ့ ပျားကလေးအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးခံရတဲ့ ပြည်သူတွေနဲ့ သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...