ပြည်သူ့သွေးစွန်းနေသည့် ရာဇဝတ်ကောင်များနှင့်တွေ့ဆုံမည်မဟုတ်၊ ပြည်သူ့ဘက်ပါဝင်မည့် တပ်မှူးတပ်သားများကို ရင်ဖွင့်ကြိုဆိုနေကြောင်း NUG ယာယီသမ္မတပြောကြား

ပြည်သူ့သွေးစွန်းနေသည့် ရာဇဝတ်ကောင်များနှင့်တွေ့ဆုံမည်မဟုတ်၊ ပြည်သူ့ဘက်ပါဝင်မည့် တပ်မှူးတပ်သားများကို ရင်ဖွင့်ကြိုဆိုနေကြောင်း NUG ယာယီသမ္မတပြောကြား

ပြည်သူ့သွေးစွန်းနေသည့် ရာဇဝတ်ကောင်များနှင့်တွေ့ဆုံမည်မဟုတ်၊ ပြည်သူ့ဘက်ပါဝင်မည့် တပ်မှူး၊ တပ်သားများကို ရင်ဖွင့်ကြိုဆိုနေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ရှစ်မိနစ်ကျော်ကြာမြင့်သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် မိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး။ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း၊ ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုများကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေးမှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှူး၊ တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဥ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

စစ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များမှာ လွတ်လပ်ရေး၏ အနှစ်သာရများနှင့် ဆန့်ကျင်နေပြီး တိုင်းပြည်ကို စစ်ကျွန်ဘဝတွင် နစ်မွန်းစေကြောင်း ဒုသမ္မတက ဆိုသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကတော့ သမိုင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ပြီး၊ နေ့စဥ်နဲ့အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေတယ်ဆိုတာကတော့ ပြည်သူများကော နိုင်ငံတကာကပါ သိရှိပြီး ဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

စစ်တပ်၏လုပ်ဆောင်ချက်များမှာ တပ်မတော်ဆိုသည့် နာမည်နှင့်လိုက်ဖက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်အဖြစ်သို့ လျော့ကျသွားပြီဟု ယာယီသမ္မတကပြောကြားသည်။

နှစ်ပေါင်း ၆၀ အတွင်း စစ်အုပ်စုက အာဏာသိမ်းယူ ဗိုလ်ကျစိုးမိုးခဲ့ပြီး ပြည်သူများမှာ လွတ်လပ်ခွင့်များ ဆုံးရှုံးနေရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...