မတူပီမြို့တွင် ဓာတ်ဆီပြတ်လပ် တစ်ဂါလံ နှစ်သောင်းနီးပါး စျေးမြင့်တက်

မတူပီမြို့တွင် ဓာတ်ဆီပြတ်လပ် တစ်ဂါလံ နှစ်သောင်းနီးပါး စျေးမြင့်တက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ဓာတ်ဆီများပြတ်လပ်နေသည့်အပြင် တစ်ဂါလံနှစ်သောင်းနီး ပါးစျေးနှုန်းမြင့် တက်နေခြင်းကြောင့် ပြည်သူများသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအပိုင်းတွင် အခက်ခဲတွေကြုံနေရသည်ဟု သိရသည်။

“တချို့ပြောတာက ဗျူဟာမှာ နည်းနည်းရောင်းတဲ့ဟာက ငါးဂါလံပုံးတစ်ပုံးကို ရှစ်သောင်းနဲ့ ရတယ်။ အခုကျတော့ ဝယ်ဖို့ကိုရှိကိုမရှိတာမြို့ပေါ်မှာ။ အရင်တုန်းက ဝယ်လို့ရတဲ့အချိန်မှာ ဝယ်ထားတဲ့သူ တွေပဲ သုံးကြတယ်။ သိပ်ပြီး ဆိုင်ကယ်က မစီးဖြစ်ကြတော့ဘူးအများစုက ဆီရှားပါးလို့၊ ခြေလျှင်နဲ့ သွားကြတော့ ဘာမဆိုပိုပြီးတော့ခက်ခဲတာပေါ့ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးကိစ္စတွေလည်း အလိုလိုနဲ့ ကြန့်ကြာတာပေါ့” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစပြီး မတူပီအခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်းထားခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ပေါ်သို့ စက်သုံးဆီသယ်ယူခွင့်ပိတ်ထားခံရသည့်အပြင် ကုန်သည်များဖက်မှ မှာယူခြင်းမရှိတော့ဘဲ ယခင်ကမြို့တွင်းသို့ တင်သွင်းထားသော ဓာတ်ဆီများမှာလည်း စျေးနှူန်းအဆမတန်မြင့် တက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကုန်သည်တွေကလည်း ဟိုဖက်မှာပိတ်ထားတော့ ဒီဖက်လည်းဝင်လို့မရဘူးဆိုတော့ ထပ်ပြီးမမှာ တော့ဘူးအများ စုက။ ဓာတ်ဆီစျေးမြင့်တက်ကတော့ ကြာပါပြီ။ ရတဲ့ဟာလည်း ၃၊၄ ရက်အတွင်းမှာပဲ ခနလေးရတာလေ အသကုန်တန်းစီပြီး ပွဲလိုပဲဝယ်ကြတာ” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။

ယခင်တွင် မတူပီမြို့သို့ ဟားခါး-မတူပီလမ်းကြောင်းဖြင့် ကုန်တင်ကားများဖြင့် တင်ပို့သည့်အပြင် ပလက်ဝ-မြောက်ဦးမှ လေးမြိုမြစ်လမ်းကြောင်းဖြင့်လည်း ကုန်ပစ္စည်းနှင့် စက်သုံးဆီများကို တင်သွင်း ပို့ဆောင်ခဲ့တာတွေရှိသည်ဟု သိရသည်။

လက်ရှိ မတူပီမြို့တွင် CDF-Matupi နှင့် စစ်ကောင်စီတို့အကြား တို်က်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်ဖက်မှ မင်းတပ်မြို့သို့သွားသည့်လမ်းတွင် စစ်ဆေးရေးတင်းကြပ်နေသည့်အပြင် CDM တွင်ပါဝင်သော ဝန်းထမ်တွေကိုလည်း ခြိမ်းခြောက်မှုများရှိသည့်အပြင် ခြန်းပြန်ကျေးရွာက အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး ဗျူဟာကုန်းတွင် ထားရှိသည်ဟု သိရသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...