ရခိုင်တစ်ပြည်လုံးရှိ ဟိုတယ်နှင့်တည်းခိုခန်း ၆၆ လုံးကို COVID-19 Safe Service အသိအမှတ်ပြုတံဆိပ် ထုတ်ပေးထား

ရခိုင်တစ်ပြည်လုံးရှိ ဟိုတယ်နှင့်တည်းခိုခန်း ၆၆ လုံးကို COVID-19 Safe Service အသိအမှတ်ပြုတံဆိပ် ထုတ်ပေးထား
 Photo - ROYAL SITTWE RESORT
Photo - ROYAL SITTWE RESORT

ရခိုင်တစ်ပြည်လုံးရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၆၆ လုံးကို COVID-19 Safe Service အသိအမှတ်ပြု တံဆိပ်များထုတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အသိအမှတ်ပြုတံဆိပ်များပေးအပ်ရာတွင် ဒေသအတွင်းအဆင့်(Regional Level)၊ နိုင်ငံအဆင့်(National Level)နှင့် နိုင်ငံတကာအဆင့်(International Level) စသည်ဖြင့် အဆင့်သုံးဆင့်ခွဲ သတ်မှတ်ပေးထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က DMG သို့ ပြောသည်။

ရခိုင်ပြည်အတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာအလုံး ၁၀၀ ရှိသည့်အနက် အသိအမှတ်ပြုတံဆိပ်ပြားရယူရန် တင်ပြလာသော ဟိုတယ်နှင့်တည်းခိုခန်း ၆၆ လုံးကို စီစစ်မှုများပြုလုပ်ပြီးပေးအပ်ခဲ့ကြောင်းနှင့် ယင်းအထဲမှ ၆၅ လုံးကို ဒေသအဆင့်အသိအမှတ်ပြုတံဆိပ်ပေးအပ်ကာ ကျန်တစ်လုံးကို နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်ပေးအပ်ထားကြောင်း သိရသည်။

“ဒေသတွင်းအဆင့်ဆိုရင် ဒေသတွင်းမှာ ကိုဗစ်နဲ့ပတ်သက်ပြီး စိတ်ချရတယ်ဆိုတဲ့သဘောပေါ့။ နိုင်ငံတော်အဆင့် ဆိုရင်တော့ ဒီထက်ပိုပြီးစိတ်ချရတာပေါ့။ အပြည်ပြည်ဆိုင်ရာအဆင့် ဝန်ဆောင်မှုတွေပေးနိုင်တဲ့ ဟိုတယ်ကိုတော့ နိုင်ငံတကာ(International)အဆင့်ပေးထားတယ်။ လောလောဆယ်တော့ ရခိုင်မှာ National အဆင့်အနေနဲ့ပဲ ရှိနေသေးတယ်”ဟု ဦးတင်ထွန်းအောင်ကရှင်းပြသည်။

အဆိုပါတံဆိပ်ရရှိရန်အတွက် ဟိုတယ်ရှိဝန်ထမ်းများအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ဝန်ထမ်းများအားလုံး ကျန်းမာရေးဆိုင်ရာလုံခြုံမှု သင်တန်းတက်ရောက်ရကြောင်းလည်း သိရသည်။

“ကျန်တဲ့သူတွေအနေနဲ့ ဒီအတွက် လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ website မှာ ဖော်ပြထားပါတယ်။ ဒီ website ထဲဝင်ကြည့်ပြီးတော့ လိုအပ်တာတွေကို ဖြည့်စွက်ပြီး တင်ပြလို့ရပါတယ်။ ကျနော်တို့ဘက်ကလည်း စစ်ဆေးပြီးတော့ ထုတ်ပေးသွားမှာပါ”ဟု ၎င်းကရှင်းပြသည်။

အသိအမှတ်ပြုကတ်ပြားများရယူလိုသူက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ Website စာမျက်နှာ ဖြစ်သော hps.tourism.gov.mm တွင် ကြည့်ရှုလေ့လာပြီး အချက်အလက်ပိုင်းဆိုင်ရာများဖြည့်စွက်ကာ လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုဗစ်စည်းကမ်းများနှင့်အညီ ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်ထားသော်လည်း ယခင် ကိုဗစ်မတိုင်မီကာလများထက် ခရီးသွားဝင်ရောက်မှုနည်းပါးလွန်းသည့်အတွက် တည်းခိုသူ နည်းပါးလျှက်ရှိကြောင်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...