လေးကေ့ကော်နဲ့ ထီးမယ်ဝါးခီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်

လေးကေ့ကော်နဲ့ ထီးမယ်ဝါးခီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်

လေးကေ့ကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီးကို ဒီကနေ့ညမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်ခဲ့တယ်လို့ လေးကေ့ကော်မှာရှိနေတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေယာဉ်နှစ်စီးနဲ့ ဗုံးနှစ်လုံးကျဲသွားပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုတွေလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မေတ္တာလင်းမြိုင်မှာ လက်နက်ကြီး အသစ်တွေ တပ်ဆင်ထားပြီး ဆက်တိုက်ပစ်တယ်လို့ သိရပါတယ်။

"လေယာဉ်သံကြားပြီးမကြာဘူး ဗုံးသံကြားတယ်။ ပြီးနောက်မှာလက်နက်ကြီး သံတွေ အဆက်မပြတ်ကြားနေရတယ်။ လက်နက်ကြီးသံက အချက် ၂၀ မကဘူးပစ်နေတာ။ ခုထိပစ်နေကြတုန်းဘဲ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူယူပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ထိခိုက်ကျဆုံးမှုအခြေနေကို သံလွင်တိုင်းမ်က အတည်မပြုနိုင်သေးပါဘူး။

လေယာဉ်ဗုံးကျဲတာနဲ့လက်နက်ကြီးသံတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေး စစ်ဘေးရှောင်နေသူ အချို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးပြေးနေရတယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...