လေးကေ့ကော်နဲ့ ထီးမယ်ဝါးခီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်

လေးကေ့ကော်နဲ့ ထီးမယ်ဝါးခီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်

လေးကေ့ကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီးကို ဒီကနေ့ညမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဝင်ပစ်ခဲ့တယ်လို့ လေးကေ့ကော်မှာရှိနေတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

လေယာဉ်နှစ်စီးနဲ့ ဗုံးနှစ်လုံးကျဲသွားပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုတွေလုပ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက မေတ္တာလင်းမြိုင်မှာ လက်နက်ကြီး အသစ်တွေ တပ်ဆင်ထားပြီး ဆက်တိုက်ပစ်တယ်လို့ သိရပါတယ်။

"လေယာဉ်သံကြားပြီးမကြာဘူး ဗုံးသံကြားတယ်။ ပြီးနောက်မှာလက်နက်ကြီး သံတွေ အဆက်မပြတ်ကြားနေရတယ်။ လက်နက်ကြီးသံက အချက် ၂၀ မကဘူးပစ်နေတာ။ ခုထိပစ်နေကြတုန်းဘဲ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူယူပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ထိခိုက်ကျဆုံးမှုအခြေနေကို သံလွင်တိုင်းမ်က အတည်မပြုနိုင်သေးပါဘူး။

လေယာဉ်ဗုံးကျဲတာနဲ့လက်နက်ကြီးသံတွေကြောင့် သောင်းရင်းမြစ်ကမ်းနံဘေး စစ်ဘေးရှောင်နေသူ အချို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးပြေးနေရတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...