မြောက်ဦးမြို့နယ်မှ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်တွင် သံသယရှိသူလေးဦးကို AA ခေါ်ယူစစ်ဆေး

မြောက်ဦးမြို့နယ်မှ နွားများဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်တွင် သံသယရှိသူလေးဦးကို AA ခေါ်ယူစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မုချာကျေးရွာတွင်ဖြစ်ပွားခဲ့သော နွားငါးကောင်ဓားဖြင့်ခုတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံသယရှိသူလေးဦးကို ရက္ခိုင့်တပ်တော်(AA)က စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်း နွားပိုင်ရှင်ထံမှ သိရသည်။

မုချာကျေးရွာမှ ဦးမောင်စောထွန်းမှာ ၎င်းပိုင်ဆိုင်သည့်နွားရှစ်ကောင်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ရွာနှင့်တစ်မိုင်ခန့်အကွာရှိ လယ်ကွင်းတွင်ထားခဲ့စဉ် နွားထီးနှစ်ကောင်၊ နွားမနှစ်ကောင်နှင့် နွားငယ်တစ်ကောင်တို့မှာ ခြေထောက်များကို ဓားဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အား နွားပိုင်ရှင်မှ ရက္ခိုင်တပ်တော်(AA)နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားခဲ့ပြီးနောက် သံသယရှိသူလေးဦးကို AA က စစ်ဆေးရန်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“သံသယရှိသူတွေကို မနေ့ကတည်းကခေါ်သွားတယ်။ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာကို ပေါ်ပေါက်စေချင်တယ်”ဟု နွားပိုင်ရှင် ဦးမောင်စောထွန်းက ပြောသည်။

အေအေမှခေါ်ယူစစ်ဆေးနေသူလေးဦးမှာ နွားခြံအနီးရှိ သရက်ပြင်ကျေးရွာမှ တစ်ဦး၊ သရက်ပြင်ကြီးကျေးရွာနှင့် မုချာကျေးရွာကျေးရွာကြားတွင် အလုပ်လုပ်ကိုင်နေသည့် မွတ်ဆလင်အမျိုးသားတစ်ဦး၊ ဘတ်ဖိုးမောင်းသူနှစ်ဦးတို့ဖြစ်ကြောင်း  သိရသည်။

“ဦးမောင်စောထွန်းက လယ်ယာလုပ်ကိုင်နေသူပါ။ အခြားဘာပြဿနာမှမရှိဘူး။ လူအများ မနာလို့လောက်အောင်လည်း ချမ်းသာတဲ့သူမဟုတ်ဘူး။ အခုလိုဖြစ်ရပ်က သူတို့မိသားစုတွေမှာ အများကြီး နစ်နာသလို စိတ်ပင်ပန်းရတယ်”ဟု မုချောကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှသန်းကပြောသည်။

ယခုဖြစ်စဉ်မတိုင်မီ စပါးရိတ်သိမ်းခြွီလှည့်စက် မီးရှို့ခံရမှု၊ ရိတ်သိမ်းပြီးစပါးစည်း(ကောက်လှိုင်းစည်း)များ မီးရှို့ခံရမှု၊ ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂)ဦးမှ မုဒိမ်းပြုကျင့်ရန်ကြံစဉ်မှု၊ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရမှု စသည့်ဖြစ်စဉ်များမှာ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကံန္ဒား(မွတ်ဆလင်)ကျေးရွာမှ စပါးကောက်လိုင်းစည်း ၂ ပုံ မီးရှို့ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားဖွဲ့ချုပ်(ULA)မှ ရခိုင်ပြည်တွင် ယခုလအတွင်း ထူးခြားဖြစ်စဉ်များတွေ့ရှိရသည့်အပြင် လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိရ၍ ဆင်ခြင်သတိထားကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...