ရခိုင်က ပန်းစိုက်တောင်သူများတွင် နည်းပညာလိုအပ်နေ

ရခိုင်က ပန်းစိုက်တောင်သူများတွင် နည်းပညာလိုအပ်နေ

ရခိုင်ပြည်အတွင်းက ပန်းစိုက်တောင်သူများတွင် နည်းပညာအကူအညီများလိုအပ်နေကြောင်း ပန်းစိုက်တောင်သူအများစုက ပြောဆိုကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြင့်တက်လာသော မြေဆီနှင့် မြေသြဇာဈေးနှုန်းများကြောင့် ယခုနှစ်တွင် ပန်းစိုက်ပျိုးရေးလုပ်ငန်း အရှုံးပေါ်မည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်းလည်း ပန်းစိုက်တောင်သူများက ဆိုသည်။

“မြေဆီ၊ မြေသြဇာကို အရင်လို လုံလုံလောက်လောက်မသုံးနိုင်တော့ဘူး။ ပန်းစိုက်ပျိုးသူတွေမှာ ဈေးကောင်းလည်းမရတော့ အရင်ကထက် ရခိုင်မှာ ပန်းစိုက်တဲ့သူအရေအတွက်ကနည်းလာတယ်။ ပြီးတော့ ပန်းစိုက်ပျိုးတဲ့နည်းပညာပိုင်းလည်း လိုအပ်ချက်တွေရှိနေတယ်”ဟု ပန်းစိုက်ပျိုးရေးလုပ်ကိုင်နေသူ ဦးဂမ်ပါရီက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဂန္ဓာမာပန်း၊ ကြယ်ပန်း၊ မေမြို့ပန်း၊ စံပယ်ပန်း စသည့်ပန်းများကို အဓိက စိုက်ပျိုးကြပြီး ပန်းဈေးကွက်မှာလည်း ယခင်ကဲ့သို့ ဈေးကောင်းမရရှိတော့ကြောင်း သိရသည်။

ကိုဗစ်ဒဏ်နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးကြပ်တည်းမှုနှင့်ရင်ဆိုင်လာရသဖြင့် ပန်းဈေးကွက်မှာလည်း ဈေးကောင်းမရရှိတော့ကြောင်း ပန်းစိုက်သူများကဆိုသည်။

“အရင်ကထက် အခုနှစ်က ပန်းစိုက်ပျိုးစရိတ်ပိုကုန်ကျတယ်။ နည်းပညာပိုင်းအားနည်းတော့ ရာသီအလိုက် ပန်းစိုက်နေရတယ်။ ပြည်မဘက်ဆို ရာသီမရွေးပန်းတွေထွက်နေတာ။ နည်းပညာပိုင်းကောင်းတော့ သူတို့ဘက်ကပန်းတွေဆို အပွင့်တွေကလှတယ်”ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ ပန်းစိုက်ပျိုးရေးလုပ်ကိုင်နေသူ ဦးမောင်အေးဝင်းကပြောသည်။

ရခိုင်ပြည်အတွင်းသို့ ပြည်မဘက်မှတင်သွင်းနေသည့်ပန်းများမှာ လက်ရှိအချိန်တွင် ဈေးပိုရနေပြီး မှာယူတင်သွင်းနေသော ပန်းအများစုမှာ နှင်းဆီ၊ ဂန္ဓမာ၊ ရှိုးပန်း၊ သစ်ခွပန်းနှင့် အခြားပန်းမျိုးများပါဝင်သည်။

“ပြည်မကလာတဲ့ပန်းကို အရင်က တစ်စည်းခြောက်ထောင်ကျပ်နဲ့ ရောင်းတယ်။ အခုတော့ တစ်ထောင်လောက် ဈေးပိုတက်သွားတယ်။ ဒီဘက်မှာက ရာသီမရွေးပန်းမရဘူး။ ဆောင်းရာသီအချိန်လောက်ပဲရတယ်။ ပြည်မဘက်က ဆယ်နှစ်ရာသီပန်းတွေထွက်နေသလို ဒီဘက်မှာလည်း အဲဒီလိုထွက်ဖို့ နည်းပညာတွေ လိုနေတယ်ပါတယ်”ဟု စစ်တွေမြို့မှ ပန်းရောင်းချနေသူ ကိုလူပျိုကြီးကပြောသည်။

လက်ရှိစစ်တွေမြို့တွင် အစိုးရထံမှ နှစ်တိုစီမံကိန်းဖြင့်မြေယာငှားရမ်းပြီး ပန်းပင်စိုက်ပျိုးနေသူများမှာ နှစ်ရှည်ခံမည့်ပန်းပင်မျိုးကိုစိုက်ပျိုးရန် အခက်အခဲရှိနေကြောင်းလည်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...