ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

စစ်တွေမြို့တွင်ရှိသည့် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ၌ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း အဘိုးအဘွားများနှင့် ရိပ်သာတာဝန်ရှိသူများက ပြောဆိုကြသည်။

လက်ရှိဘိုးဘွားရိပ်သာတွင် သီးသန့်ဆေးခန်းတစ်ခုဖွင့်လှစ်ထားကာ နံနက်(၈)နာရီမှ (၁၂)နာရီအထိ အငြိမ်းစား သူနာပြုဆရာမတစ်ဦးက လာထိုင်ပေးကြောင်း သိရသည်။

“ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ တတ်ကျွမ်းတဲ့ သမားတော်ကြီးတွေ၊ ဆရာဝန်တွေ တစ်ပတ်တစ်ကြိမ်သော် လည်းကောင်း လာရောက်စစ်ဆေးစေချင်တယ်”ဟု ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာမှ ကြီးကြပ်ရေးမှူး ဦးစောဝင်းက DMG သို့ပြောသည်။

ယခင်က တိုင်းရင်းဆေးရုံမှ ဆရာ၊ဆရာမများက တစ်ပတ်တစ်ကြိမ်လာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် လာရောက်စစ်ဆေးမှုများမရှိတော့ကြောင်း ဘိုးဘွားရိပ်သာ တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိဘိုးဘွားရိပ်သာတွင် ဆေးခန်းရှိသော်လည်း အရေးအကြောင်းဆိုလျှင် ဆေးရုံ၊ ဆေးခန်းများကို သွားရောက်ပြသနေရကြောင်းလည်း သိရသည်။

ယင်းဘိုးဘွားရိပ်သာတွင်နေထိုင်သည့်အသက်(၇၁)နှစ်အရွယ် ဦးစံကျော်သာက “ဒီကဆေးခန်းမှာ သူနာပြုဆရာမတစ်ယောက်ခေါ်ထားပြီး ဆေးပေးတယ်။ လိုတာရှိမယ်ဆိုရင် ဆေးဝါးအပြည့်အစုံနဲ့ စုံစုံလင်လင် တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်ရှိရင်တော့ ဆေးရုံ၊ ဆေးခန်းသွားရတာတွေနည်းလာမှာပေါ့”ဟု ပြောသည်။

နောက်ထပ် ဘိုးဘွားရိပ်သာတွင်နေထိုင်သည့် အသက်(၇၂)နှစ်အရွယ် ဒေါ်မအောင်သိန်းကလည်း “အကုန်လုံးတော့ သူတို့တတ်နိုင်သမျှလုပ်ပေးကြပါတယ်။ ဖျားနာလို့ရှိရင် အားဆေး၊ ထိုးဆေး၊ သောက်ဆေးတွေပေးတယ်။ အများအပြားဖြစ်ရင်တော့ ပြင်ပဆေးခန်းတွေကိုသွားရတယ်။ ဖြစ်စေချင်တာကတော့ အပြင်ဆေးရုံ၊ ဆေးခန်းတွေမသွားရအောင် ပြည့်ပြည့်စုံစုံနဲ့အဖွားတို့နေချင်တယ်”ဟု DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာတွင် အဖိုး ၁၀ ဦးနှင့် အဖွား ၃၆ ဦး၊ စုစုပေါင်း ၄၆ ဦးရှိပြီး ယင်းအထဲတွင် ကျန်းမာရေးချိုတဲ့သည့် အဖွား (၉)ဦးရှိကြောင်း သိရသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...