ကျောက်တော်-ပလက်ဝရေကြောင်းခရီးစဉ်ကို ဇက်ရေယာဉ်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ပြေးဆွဲမည်

ကျောက်တော်-ပလက်ဝရေကြောင်းခရီးစဉ်ကို ဇက်ရေယာဉ်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ပြေးဆွဲမည်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့ကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်စီ အစိုးရပိုင်ဇက်ရေယာဉ်ဖြင့် ရေကြောင်းခရီးစဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ သိရသည်။

တစ်ပတ်လျှင် သောကြာနေ့တစ်ရက်သာပြေးဆွဲမည့် အဆိုပါရေကြောင်းခရီးစဉ်တွင် ရေယာဉ်စီးနင်းခအဖြစ် လူတစ်ဦးလျှင် ငွေ ၁၈၀၀ ကျပ်ပေးဆောင်ရမည်ဖြစ်ပြီး လိုက်ပါမည့်ခရီးသည်အရေအတွက်ပေါ်မူတည်ကာ ရေကြောင်းခရီးစဉ်ပြေးဆွဲမည့်ရက်ကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

ကျောက်တော်-ပလက်ဝခရီးသွားလာမည်ဆိုပါက အသွားအပြန်ခရီးစရိတ် ငွေကျပ်ငါးသောင်းခန့် ကုန်ကျမည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာစေရန် ယခုဒီဇင်ဘာလ ၂၃ ရက်နေ့မှစ၍ ရေကြောင်းခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီကဆိုသည်။

“အစိုးရပိုင် ဇာတ်ရေယာဉ်ပြေးဆွဲပေးတဲ့ အဓိကရည်ရွယ်ချက်က လူစီးဖို့နဲ့ ကုန်စည်စီးဆင်းဖို့ ရည်ရွယ်ချက်ပါ။ လတ်တလောမှာ တစ်ပတ်ကိုတစ်ရက်ပဲ ပြေးဆွဲပေးဦးမယ်”ဟု ဦးလှသိန်းကပြောသည်။

အစိုးရပိုင်ဇက်ရေယာဉ်များဖြစ်သော ရေနယား(၁)နှင့် ရေနယား(၂) နှစ်စီးရှိပြီး လက်ရှိမှာ ကျောက်တော်-ပလက်ဝခရီးစဉ်တွင် ရေနယား(၁)ဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းစိုးက ယခုကဲ့သို့ ကျောက်တော်-ပလက်ဝ ရေကြောင်းခရီးစဉ်ပြေးဆွဲပေးပါက ခရီးသွားလာသူများအတွက် ကုန်ကျစရိတ်သက်သာမည်ဖြစ်ကြောင်း ပြောသည်။

“ဒေသခံတွေအတွက် ခရီးသွားလာခစရိတ ်အဆင်ပြေတာပေါ့။ တိုက်ပွဲမဖြစ်ခင်တုန်းက စက်လှေနဲ့ခရီးသွားရင် တစ်ယောက်ကို နှစ်သောင်းကျပ်လောက်ပဲပေးရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ နှစ်သောင်းခွဲကျပ်အထက်ပေးနေရတယ်”ဟု ၎င်းကရှင်းပြသည်။

အဆိုပါရေကြောင်းခရီးစဉ်ဖြင့် လိုက်ပါမည့်ခရီးသည်များကို အာဏာပိုင်များအနေဖြင့် တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းမှုများမပြုလုပ်စေလိုကြောင်း ပလက်ဝမြို့နယ်မှ ဒေသခံဖြစ်သူ ဦးတင်ဦးကပြောသည်။

ယခင်က ကျောက်တော်-ပလက်ဝသွားရေလမ်းခရီးသွားလာသူများကို စစ်တပ်က မကြာခဏစစ်ဆေးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှဒေသခံများမှာ ဆန်၊ ဆီ၊ ဆားအပါအဝင် ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ အဓိကလာရောက်ဝယ်ယူနေကြရသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...