KNU အဖွဲ့ နဲ့ စစ်ကောင်စီ တွေ့တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

KNU အဖွဲ့ နဲ့ စစ်ကောင်စီ တွေ့တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

လေးကေ့ကော် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KNU နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NCA လမ်း ကြောင်းအတိုင်း ဆက်သွားရန် သဘောတူခဲ့ကြတယ်ဆိုတဲ့ သတင်းတစ်ခုကို NOVEM LYNN ဆိုသူ Facebook Account ပိုင်ရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရေးတင်ခဲ့ပါတယ်။

ဒီရေးသားမှုကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရကို ထောက်ခံသူများ Facebook Group ထဲမှာလည်း မျှဝေထားပါတယ်။

NOVEM LYNN ဆိုသူက လေးကေ့ကော် - KNU ဆွေးနွေးမှု မှတ်တမ်းဓာတ်ပုံဆိုပြီး KNU နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံဆွေး နွေးခဲ့ကြတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ရေးတင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ NOVEM LYNN ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က KNU နှင့် ဦးသိန်း စိန်အစိုးရတို့ ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ ပြည်နယ်အဆင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးစဉ်က တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံကို အသုံးပြုထားလို့ပဲဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ဟိုတယ်မှာ နှစ်ဖက်တွေ့ဆုံပြီး အပစ်ခတ်ရပ်စဲလိုက်တယ်ဆိုတဲ့ အကြောင်းကို ကရင်သတင်းစဉ် KIC က ရေးသားထားတဲ့ သတင်းမှာ https://bit.ly/3eg6ZSd တွေ့နိုင်ပါတယ်။

မွန်သတင်းအေဂျင်စီက ရေးသားထားတဲ့ သတင်းထဲမှာလည်း https://bit.ly/30yL6tU တွေ့နိုင်ပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ လေးကေ့ကော်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေ တယ်လို့ KNU က ပြောဆိုတာတွေမရှိသလို စစ်ကောင်စီဖက်ကလည်း တရားဝင် ထုတ်ပြန်ထားတာ မရှိပါဘူး။

KNU အနေနဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အဖွဲ့ဖြစ်ပြီး ပြည်သူနဲ့အတူရပ်တည်ကာ စစ်အာဏာ ရှင်ကို ဆန့်ကျင်တော် လှန်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပြီး လုပ်ဆောင်သွား မယ်လို့လည်း တရားဝင် ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

NCA စာချုပ်အပေါ် KNU ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောတောနီး က “NCA နဲ့ ပတ်သက်ပြီးတော့ ရှင်းနေတာပဲလေ NCA ဟာ စာချုပ်တစ်ခုပဲ ဒါပေမယ့် ဘာမှ အလုပ်မဖြစ်တော့ အဲဒါကြီးက အခုစစ်အာဏာသိမ်း‌တော့ လုံး၀ဆန့်ကျင်တယ်ဆိုတာ နဂိုကတည်း ပြောထားပြီးသား” လို့ ပြောပါ တယ်။

နောက်ပြီး KNU နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေကလည်း သတင်းရေးသား ထုတ်လွှင့်ခဲ့တာကို မတွေ့ရပြန်ပါဘူး။

လက်ရှိ လေ့ကေ့ကော်မြို့သစ်ထဲမှာ ၃ ရက်ဆက် တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင်တွေလည်း ထွက် ပြေး တိမ်းရှောင်နေကြရပြီး အဖက်ဖက်က အကူအညီတွေ လိုအပ်နေတာပါ။

ဒါကြောင့် အချက်အလက် အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ NOVEM LYNN ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ အတူ ရေးတင်ထားတဲ့ စာတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

NOVEM LYNN ဆိုသူရဲ့ ရေးသားမှုကို ကြိုက်နှစ်သက်သူ၊ သဘောထားမှတ်ချက်ပေးသူနဲ့ ထပ်ဆင့်ဝေမျှသူတွေ လည်း ရှိနေတာကို တွေ့ရပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းဌာနတွေက တင်တဲ့ သတင်းတွေနဲ့ အချက်အလက် တူညီ သယောင် ရေးသားမှုတွေရှိနေသလို ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ မကိုက်ညီတဲ့ ရေးသားမှုတွေနဲ့ လည်း ဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ရှိနေတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာ လမှာ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့် ဝေပေးဖို့ လိုအပ်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...