လေးကေ့ကော်တွင် ယနေ့ နံနက်မှစပြီး KNU နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲစတင်

လေးကေ့ကော်တွင် ယနေ့ နံနက်မှစပြီး KNU နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲစတင်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၅ မနက်အစောပိုင်းမှ စတင်ပြီး KNLA နှင့် မြန်မာစစ်ကောင်စီတပ်ကြား တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်ရာ ဒေသဖြစ်သည့် လေးကေ့ကော်မြို့သစ် အတွင်းရှိ ရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်များ ထပ်မံရှာဖွေစစ်ဆေးရန် ဆောင်ရွက်မှုကြောင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ယနေ့ နံနက်ပိုင်းတွင် ထိတွေ့မှုစတင်ခဲ့ကြောင်း လေးကေ့ကော် ဒေသခံတစ်ဦးက DMG ကို ပြောသည်။

"မနက်ကဘဲ စစ်ကောင်စီတပ်တွေရပ်ကွက်တွေထဲ ထပ်မွှေမယ်လို့ သတင်းကြားတယ်။ အဲဒါကို KNU ဘက်က တားမြစ်တယ်ပေါ့။ အဲတာမကျေနပ်လို့ဆိုပြီး လက်နက်ကြီးတွေပစ်တော့တာပါပဲ။ အခုရှောင်တိမ်းဖို့လုပ်နေရပါတယ်။" ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိအချိန်အထိ လေးကေ့ကော်မြို့သစ် အမြှောက်ကုန်းမှ စစ်ကောင်စီတပ်များသည် ၆၀ မမ လက်နက်ကြီး အမြှောက်များဖြင့် တရစပ်ပစ်ခတ်မှုများရှိနေကြောင်း KNLA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"အခုလက်ရှိအချိန်အထိကို အမြှောက်နဲ့ကိုပစ်နေတာ။ အမြှောက်ကုန်းကနေပစ်နေတာ။ အချက် ၂၀ ကျော်ပြီ။ ဒီဖက်ကလည်း ပြန်လည်ပစ်ခတ်နေတာ ရှိနေပါတယ်။" ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှထေက်လှမ်းမှုများ လေးကေ့ကော်သို့ပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် အခြားအဆင့် ၅ ဦးကို ကေအန်ယူလက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့မှုကြောင့် ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်တွင် နှစ်ဖက်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။

ထိုညှိနှိုင်းမှုအတွင်း ဒီဇင်ဘာ ၁၄ ရက်၌ လေးကေ့ကော်မြို့သစ်အတွင်းသို့ စစ်ကောင်စီတပ်အင်အား ၆၀၀ ကျော်နီးပါး စစ်ကြောင်းဝင်ရောက်ခဲ့ပြီး မြို့သစ်ရပ်ကွက်တချို့၌ခိုလိုနေသူ CDM ဆရာဝန်တစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဧရာဝတီတိုင်းမှ မြောင်းမြနှင့်မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် မအူပင်မြို့နေဒေသခံ ၅၀ ဦးထက်မနည်း အကြမ်းဖက်ဖမ်းဆီးမှုများပြုခဲ့သည်။

ဖမ်းဆီးသူများကို ကေအန်ယူဘက်မှ စစ်ကောင်စီထံ ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီတပ်များမှ ပြန်လည်လွှတ်ပေးခဲ့ခြင်းမရှိခြင်းကြောင့် ကေအန်ယူလက်အောက်ခံ KNLA တပ်များမှ လေးကေ့ကော်မြိုသစ်ဝင် ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာမှုရှိခဲ့သည်။

လေးကေ့ကော်မြို့သစ်သို့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ PDF အဖွဲ့များနှင့် CDM လုပ်ဆောင်သူများ လာရောက်တိမ်းရှောင်နေသည်ဟုဆိုပြီး စစ်ကောင်စီတပ်များမှ ခုနှစ်ကြိမ်အထိ စစ်ကြောင်းဖြင့် လာရောက်စစ်ဆေးမှုများ ရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...