မယ်လဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိုင်းအာဏာပိုင်တွေ သေနတ်ပစ်ဖောက် ဖြိုခွင်း

မယ်လဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိုင်းအာဏာပိုင်တွေ သေနတ်ပစ်ဖောက် ဖြိုခွင်း

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက ယနေ့ ည(၇)နာရီမှာ ဆန္ဒဖော်ထုတ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ ထိုင်းအာဏာပိုင်တွေက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။

အဆိုပါ ဒုက္ခသည်စခန်းက ထိုင်းအာဏာပိုင် ပလာဆိုသူက နှာခေါင်းစည်းမတပ်တဲ့ အမျိုးသားနှစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ဆိုင်ကယ်ကို သိမ်းဆည်းလိုက်ရာမှ အငြင်းပွားမှုဖြစ်ပြီး ဆန္ဒဖော်ထုတ်မှု စတင်ခဲ့တာလို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကတော့ ဒေါသထွက်နေပြီး စခန်းအာဏာပိုင်တွေရဲ့ လုံခြုံရေးဂိတ်တွေကို ဖြိုဖျက်ခဲ့လို့ သေနတ်ပစ်ဖောက် ဖြိုခွင်းတာတွေ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ကို ကိုးကားပြီး ကေအိုင်စီ သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာတော့ မြန်မာ့ ဒုက္ခသည် (၄)သောင်းနီးပါး ခိုလှုံနေတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...