မယ်လဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိုင်းအာဏာပိုင်တွေ သေနတ်ပစ်ဖောက် ဖြိုခွင်း

မယ်လဒုက္ခသည်စခန်းမှာ ဆန္ဒပြမှုမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိုင်းအာဏာပိုင်တွေ သေနတ်ပစ်ဖောက် ဖြိုခွင်း

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်ကန့်သတ်ချက်နဲ့ ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက ယနေ့ ည(၇)နာရီမှာ ဆန္ဒဖော်ထုတ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့လို့ ထိုင်းအာဏာပိုင်တွေက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။

အဆိုပါ ဒုက္ခသည်စခန်းက ထိုင်းအာဏာပိုင် ပလာဆိုသူက နှာခေါင်းစည်းမတပ်တဲ့ အမျိုးသားနှစ်ဦးကို ဆိုင်ကယ်ပေါ်မှ ဆွဲချပြီး ဆိုင်ကယ်ကို သိမ်းဆည်းလိုက်ရာမှ အငြင်းပွားမှုဖြစ်ပြီး ဆန္ဒဖော်ထုတ်မှု စတင်ခဲ့တာလို့ ဆိုပါတယ်။

ဆန္ဒဖော်ထုတ်သူတွေကတော့ ဒေါသထွက်နေပြီး စခန်းအာဏာပိုင်တွေရဲ့ လုံခြုံရေးဂိတ်တွေကို ဖြိုဖျက်ခဲ့လို့ သေနတ်ပစ်ဖောက် ဖြိုခွင်းတာတွေ ဖြစ်နေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်ကို ကိုးကားပြီး ကေအိုင်စီ သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာတော့ မြန်မာ့ ဒုက္ခသည် (၄)သောင်းနီးပါး ခိုလှုံနေတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...