ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ မသီရိမိုးရဲ့မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ညမှာ ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ မသီရိမိုးရဲ့ အသက် ၄၆ နှစ်အရွယ်ရှိ အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသီရိမိုးကို ဖမ်းလို့မမိတာကြောင့် အမေဖြစ်သူနဲ့ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးသွားပြီးတစ်ပတ်အကြာမှာ မသီရိမိုးရဲ့ ညီမဖြစ်သူကို အသက်မပြည့်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး အမေဖြစ်သူကို ဆက်လက်ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မသီရိမိုးရဲ့မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို ၅၀၅ (က) နဲ့တရားစွဲထားပြီး ထားဝယ်အကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

" အမေကို ၅၀၅(က)နဲ့အမှုဖွင့်ထားတယ်။ လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ထားထားတယ်''လို့ မသီရိမိုးက အတည်ပြု ပြောပါတယ်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဖြစ်သူ မသီရိမိုးကို စစ်ကောင်စီက ၅၀၅ (က) ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...