ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ရဲ့ မိခင်ဖြစ်သူ ၅၀၅ (က) နဲ့တရားစွဲခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ မသီရိမိုးရဲ့မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ညမှာ ထားဝယ်မြို့နယ် ကနိုင်းဒါရွာရှိ မသီရိမိုးရဲ့ အသက် ၄၆ နှစ်အရွယ်ရှိ အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ အသက် ၁၆ နှစ်အရွယ်ရှိ ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသီရိမိုးကို ဖမ်းလို့မမိတာကြောင့် အမေဖြစ်သူနဲ့ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးသွားပြီးတစ်ပတ်အကြာမှာ မသီရိမိုးရဲ့ ညီမဖြစ်သူကို အသက်မပြည့်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး အမေဖြစ်သူကို ဆက်လက်ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မသီရိမိုးရဲ့မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကို ၅၀၅ (က) နဲ့တရားစွဲထားပြီး ထားဝယ်အကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

" အမေကို ၅၀၅(က)နဲ့အမှုဖွင့်ထားတယ်။ လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ထားထားတယ်''လို့ မသီရိမိုးက အတည်ပြု ပြောပါတယ်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဖြစ်သူ မသီရိမိုးကို စစ်ကောင်စီက ၅၀၅ (က) ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...