ပုဏ္ဏားကျွန်း-ကျောက်တော်သွားလမ်းရှိ ယိုချောင်းတံတားဘေးတွင် တံတားသစ်တစ်စင်း တည်ဆောက်မည်

ပုဏ္ဏားကျွန်း-ကျောက်တော်သွားလမ်းရှိ ယိုချောင်းတံတားဘေးတွင် တံတားသစ်တစ်စင်း တည်ဆောက်မည်

ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်တော်မြို့ကြားရှိ ယိုးချောင်းတံတားဘေးတွင် တံတားသစ်တစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လမ်း၊တံတားဦးစီးဌာနမှ သိရသည်။

လက်ရှိအသုံးပြုနေသော ယိုးချောင်းတံတားမှာ ကျဉ်းမြောင်းပြီး ယာဉ်များသွားလာရအဆင်မပြေသဖြင့် တံတားသစ်ဆောက်လုပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လမ်း၊တံတားဦးစီးဌာန၊ တံတားတည်ဆောင်ရေးအဖွဲ့(၂) ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်ကပြောသည်။

“လက်ရှိတော့ တံတားစီမံကိန်းကာလကို အကြမ်းဖျင်း ၃ နှစ်သတ်မှတ်ထားတယ်။ ၂၀၂၃၊ ၂၀၂၄ အပြီးပေါ့"ဟု ဦးမင်းခိုင်က DMG သို့ ပြောသည်။

အသစ်တည်ဆောက်မည့် ယိုးချောင်းတံတားမှာ အကျယ် ၃၀ ပေ၊ အရှည် ၄၂၀ ပေရှိသည့် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ခွင့်ပြုတန်ချိန် ၆၀ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြည်နယ်လမ်း၊တံတားဦးစီးဌာနမှ သိရသည်။

တံတားအသစ်ကိုဆောက်နေချိန်အတွင်းတွင် တံတားအဟောင်းကို မဖြိုဖျက်ဘဲ ဆက်လက်အသုံးပြုနေအုံးမည်ဖြစ်သည်။

တံတားအသစ်ကို ၂၀၂၃-၂၀၂၄ အပြီးဆောက်လုပ်သွားမည်ဟုသတ်မှတ်ထားသော်လည်း တံတားဆောက်လုပ်ရန်အတွက် သတ်မှတ်ထားသည့်ဘတ်ဂျတ်မှာ အတိအကျမထွက်သေးကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်ကပြောသည်။

ယိုးချောင်းတံတား အသစ်တည်ဆောက်မည့်အပေါ် “လုပ်ကိုလုပ်ရမယ်၊ နောက်တောင်ကျနေပြီ။ မြန်မြန်ပြီးလေကောင်းလေပဲ"ဟု ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် ကေသီဦးကားဂိတ်မှ ဂိတ်မှူး ဦးမောင်ဝင်းရွှေကပြောသည်။

လက်ရှိအသုံးပြုနေသော ယိုးချောင်းတံတားမှာ ရန်ကုန်-စစ်တွေကားလမ်းဖောက်လုပ်ပြီးစီးချိန် ၁၉၉၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော အကျယ် ၁၀ ပေ၊ အရှည် ၄၂၀ ပေရှိ တံတားတစ်စင်းဖြစ်သည်။

အဆိုပါတံတားမှာကျဉ်းမြောင်းပြီး ယာဉ်တစ်စီးဖြတ်သန်းသွားလာနေချိန်တွင် အခြားယာဉ်များမှာ တံတားကိုဖြတ်သန်းရန် စောင့်ဆိုင်းနေရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းတွင်ရှိသော ယိုးချောင်းတံတားသည် ကုန်စည်စီးဆင်းမှုများနှင့် ခရီးသွားလာရေးတွင် အရေးပါသော တံတားတစ်စင်းလည်းဖြစ်သည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...