ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ကလေးမြို့နယ် သံဖိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်လားရိုမောကို ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်သာမြစ်အရှေ့ဘက်ကမ်း တောင်ယာစိုက်ခင်းမှာ ပဲနီပေါင်းထိုးနေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာက နေအိမ်တွေနဲ့အတူ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ CDF-Kalay-Kabaw-Gangaw က ထုတ်ပြန်ပါတယ်။

မောင်လားရိုမောရဲ့ ကြွင်းကျန်ရစ်သောအရိုးစုတချို့ကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြပြီး CDF-Kalay-Kabaw-Gangaw တပ်ရင်း (၃) က သွားရောက်သယ်ယူကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကလေးမြို့တောင်ပိုင်း၊ ချောင်းခွကျေးရွာက ချင်းအမျိုးသား ဦးငွန်နယ်ထန်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုမြေထူးကျေးရွာမှာပဲ မီးရှို့သတ်ဖြတ်ခဲ့ကြပါတယ်။

တောင်သူတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးငွန်နယ်ထန်းဟာ မြစ်သာမြစ်အရှေ့ဘက်ခြမ်းက သူ့တောင်ယာပဲခင်းမှာ အလုပ်လုပ်ကိုင်နေစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုးမြေထူးကျေးရွာထဲက အိမ်တစ်အိမ်မှာကြိုးနဲ့တုတ်နှောင်ပြီး မီးရှို့သတ်ခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်ပါတယ်။

ဦးငွန်နယ်ထန်းရဲ့ ရုပ်အလောင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) ကလေးတပ်မဟာ (Vakok) တပ်ရင်းက သွားရောက်သယ်ဆောင်ပြီး ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ဆင်ရွာ၊ ကျားမင်း နဲ့ အိုးမြေထူးကျေးရွာတွေကို ဝင်ရောက်ပြီး လူနေအိမ်အနည်းဆုံး ၈ လုံးခန့် မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲဒီကျေးရွာက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...