ထိုင်းရဲတွေက ခိုးဝင် မြန်မာတွေကို ပစ်မိန့်ပေးထားပြီဆိုတဲ့ သတင်းမှားကို ထပ်မံဖြန့်ဝေ

ထိုင်းရဲတွေက ခိုးဝင် မြန်မာတွေကို ပစ်မိန့်ပေးထားပြီဆိုတဲ့ သတင်းမှားကို ထပ်မံဖြန့်ဝေ

ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ သူတွေကို ထိုင်းအစိုးရက ပစ်မိန့်ပေးထားပြီလို့ ရေးသားတဲ့ သတင်းတစ်ခုကို မေ မြန်မာ ဆိုသူ Facebook အကောင့်ပိုင်ရှင်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ သေဆုံးနေတဲ့သူတွေပါတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ရေးတင်ထားတာကို တွေ့ရပါတယ်။

မေမြန်မာဆိုသူရဲ့ ရေးသားမှု ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ ကိုထောက်ခံသူများ Facebook Group မှာ ဒီဇင်ဘာလ ၄ ရက်နေ့က ရေးတင်ထားတာဖြစ်ပါတယ်။

အဆိုပါ ရေးသားမူဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မေမြန်မာ Facebook အကောင့်ပိုင်ရှင် ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ရေးတင်ထားတဲ့ စာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ဥဒုံဌာနီ ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ထဲက ဓာတ်ပုံကို အသုံးပြုထားပြီး ဓာတ်ပုံကို ထိုင်းရဲတွေက ပစ်သတ်ထားသလို ထင်ယောင်ထင်မှားဖြစ်အောင် စာနဲ့တွဲပြီး ရေးတင်ထားလို့ပဲ ဖြစ်ပါတယ်။

ဥဒုံဌာနီက ယာဉ်တိုက်မှုဖြစ်စဉ်ကို ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thairath သတင်းဌာနက  ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3InF0O4 တွေ့နိုင်ပါတယ်။

ဒါ့အပြင် မေမြန်မာဆိုသူ Facebook အကောင့်ပိုင်ရှင် ရေးတင်ထားတဲ့ စာနဲ့ ဓာတ်ပုံကိုပဲ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩ ဂုတ်လကတည်းက သတင်းအမှားဖြန့်ဝေသူတွေက ဖြန့်ဝေထားတာကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီသတင်းကို fact crescendo Myanmar  ဆိုတဲ့ Fact Check  အဖွဲ့က ၂၀၂၀ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့ က သတင်းအမှား ဖြစ်တယ်ဆိုတာကို စစ်ဆေးအတည်ပြုထားပါတယ်။

ထိုင်းနိုင်ငံထဲကို ဝင်လာရင် ထိုင်းအစိုးရက ပစ်မိန့်ပေးထားတယ် ဆိုတဲ့သတင်း အချက်အလက်အမှား၊ သတင်း အမှားတွေကို စစ်ဆေးအတည်ပြုပေးနေတဲ့ fact crescendo Myanmar  က သတင်းအမှားဖြစ်ကြောင်း စစ်ဆေး အတည်ပြုထားတာကို ဒီမှာ https://bit.ly/3Imr1YR တွေ့ရပါတယ်။

အချက်အလက်အားလုံးကို ကြည့်လိုက်တဲ့အခါမှာ မေမြန်မာ ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဓာတ်ပုံနဲ့တ ကွ ရေးတင်ထားတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်း သတင်းအမှားဖြန့်ဝေသူတွေက ဖြန့်ဝေထားတဲ့ သတင်းဖြစ်တဲ့အပြင် ဓာတ်ပုံက ပြောချင်တဲ့ အကြောင်းအရာနဲ့ ကွဲလွဲနေတာတွေကို တွေ့ရှိရတဲ့အတွက် သတင်း အမှား ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ အဲဒီသတင်းအမှားကို ထပ်ဆင့်ဖြန့်ဝေသူ ၂၇၈ ဦးအထိရှိနေပြီး ကြိုက်နှစ်သက်သူနှင့် သဘော ထားမှတ်ချက်ပေးသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိ ကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အရင်က ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို ပြန် လည် ဖြန့်ဝေနေတဲ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေအပေါ်မှာ အခြေခံပြီးတော့လည်း သတင်းတွေကို လိုသလို ရေးသားပြီး သတင်းအမှားအဖြစ် ဖြန့်ဝေနေတာတွေကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေမယ်ဆိုရင် ယုံကြည် စိတ်ချလို့ရတဲ့ သတင်းဌာနတွေက သတင်းတွေနဲ့ သေချာစီစစ်ပြီးမှ ဖြန့်ဝေဖို့လိုပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...