ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးကို အကြမ်းဖက် လှုံ့ဆော်သူများအဖြစ် သတင်းမှားဖြန့်ဝေ

ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးကို အကြမ်းဖက် လှုံ့ဆော်သူများအဖြစ် သတင်းမှားဖြန့်ဝေ

ဒီဇင်ဘာလ ၅ ရက်နေ့က လူငယ်တွေ ဆန္ဒထုတ်ဖော်ပွဲမှာ သတင်းယူနေတဲ့ Myanmar Pressphoto Agency မှ သတင်းထောက် ၂ ဦးဟာ သတင်းထောက်တွေ မဟုတ်ပဲ အကြမ်းဖက် လှုံ့ဆော်သူတွေသာ ဖြစ်တယ် ဆိုတဲ့ သတင်းတစ်ခုကို  မေမြန်မာ ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၆ ရက်နေ့ ည ၆ နာရီ ၄၉ မိနစ်တွင် ရေးတင်ထား ပါ တယ်။

မေမြန်မာဆိုသူက DVB က ရေးသားထားတဲ့ ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ MPA သတင်းထောက် ၂ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရဆိုတဲ့ သတင်းကို သတင်းအမှားဖြစ်တယ်ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာသာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ DVB သတင်းဌာနက ရေးသားထားတဲ့ ကြည့်မြင်တိုင် အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် MPA သတင်းထောက် ၂ ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရ ဆိုတဲ့ သတင်းဟာ သတင်းအမှား မဟုတ်ပဲ သတင်းအမှန်ဖြစ်လို့ပဲ ဖြစ်ပါတယ်။

DVB က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3du3g30 တွေ့နိုင်ပါတယ်။

DVB သတင်းဌာနသာမက တခြားသတင်းဌာန တော်တော်များများကလည်း ဒီဇင်ဘာလ ၅ ရက်နေ့ ဆန္ဒထုတ် ဖော်မှုအတွင်း သတင်းရယူနေတဲ့ MPA ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ရုပ်သံ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း တို့ ဆန္ဒပြ သတင်းလိုက်ရင်း ဖမ်းခံရတာကို ရေးသား ထားကြပါတယ်။ သတင်းယူနေတတဲ့ သတင်းထောက်တွေ ဖြစ်လို့ သူတို့နှစ်ယောက်ဟာ အကြမ်းဖက်လှုံ့ဆော်သူတွေ မဟုတ်ကြပါဘူး။

ဒါ့အပြင် တကယ့်မြေပြင်မှာလည်း MPA သတင်း ဌာနရဲ့ အယ်ဒီတာ အဖွဲ့ကလည်း ဖမ်းဆီးခံရတဲ့ သတင်းထောက် ၂ ဦးဟာ သတင်းထောက်ဖြစ်တယ်ဆိုတာကို အတည်ပြု သတင်း ထုတ်ပြန်ထားပါတယ်။

MPA သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3GmjUOs တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ကြည့်လိုက်တဲ့ အခါမှာတော့ အဖမ်းခံရတဲ့ သတင်းထောက် ၂ ဦးဟာ အ ယောင်ဆောင် သတင်းထောက်တွေ မဟုတ်ပဲ သတင်းထောက် အစစ်ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရတဲ့ အတွက် မေမြန်မာဆိုသူရဲ့ ရေးသားမှုဟာ သတင်းအမှားတစ်ခုဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

မေမြန်မာဆိုသူရဲ့ ရေးသားမှုကို ထပ်ဆင့်ဖြန့်ဝေသူ၊ ကြိုက်နှစ်သက်သူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ ဓာတ်ပုံတွေ၊ ထုတ်ပြန်ချက်တွေကို သတင်းအမှားအဖြစ် ဖန် တီးရေးသား ရုံသာမကပဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေထဲက သတင်းတွေကိုလည်း သတင်းအမှားတွေ ဆိုပြီးတော့ ဖန်တီးရေးသား နေတာကို တွေ့ရပါတယ်။

ဒါကြောင့် စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်း ဌာနတွေနဲ့ တိုက်စစ်ပြီးမှသာ ဖြန့်ဝေဖို့လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...