KNU ဝင်းရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

KNU ဝင်းရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တောင်နောက်ခြမ်း ဘေးလမိုင်းကျေးရွာမှာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့KNLA တပ်တို့ တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

KNLA တပ်ရင်း(၁၆)လက်အောက်ခံ တပ်ခွဲ(၄)နဲ့ စစ်ကောင်စီဘက်က ခလရ(၁၀၆)တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး KNAL ဘက်ကတော့ ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။

"ဒီမနက် တိုက်ပွဲမတိုင်ခင်ကတည်းက သူတို့ဘက်က ရွာတွေမှာ လှုပ်ရှားမှုလုပ်နေကြတာ။ ဒီမနက်ပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေတယ်။ ခုလိုတိုက်ပွဲဖြစ်တော့ ဒေသခံတွေက ခဏရှောင်ကြရတယ်။

တိုက်ပွဲပြီးတော့ ပြန်လာကြတယ်လို့တော့ သိရတယ်။''လို့ KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျော်လှုပ်ရှားမှုတွေကြောင့် KNLA တပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...