KNU ဝင်းရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

KNU ဝင်းရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တောင်နောက်ခြမ်း ဘေးလမိုင်းကျေးရွာမှာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့KNLA တပ်တို့ တိုက်ပွဲဖြစ် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသွားတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

KNLA တပ်ရင်း(၁၆)လက်အောက်ခံ တပ်ခွဲ(၄)နဲ့ စစ်ကောင်စီဘက်က ခလရ(၁၀၆)တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး KNAL ဘက်ကတော့ ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။

"ဒီမနက် တိုက်ပွဲမတိုင်ခင်ကတည်းက သူတို့ဘက်က ရွာတွေမှာ လှုပ်ရှားမှုလုပ်နေကြတာ။ ဒီမနက်ပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေတယ်။ ခုလိုတိုက်ပွဲဖြစ်တော့ ဒေသခံတွေက ခဏရှောင်ကြရတယ်။

တိုက်ပွဲပြီးတော့ ပြန်လာကြတယ်လို့တော့ သိရတယ်။''လို့ KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျော်လှုပ်ရှားမှုတွေကြောင့် KNLA တပ်ဖွဲ့တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...