PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်

PDF ကိုငွေကြေးထောက်ပံ့သည်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်

ကျောက်ဖြူမြို့တွင် PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရဲတပ်ဖွဲ့က အမျိုးသမီးသမီးငယ်တစ်ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် မအေးမြင့်မြတ်အောင် ကို ဒီဇင်ဘာလ ၄ ရက် နံနက်စောစော ၁ နာရီအချိန်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူမနှင့်ရင်းနှီးသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“သူ့ကို ညဥ့် ၁ နာရီကဖမ်းဆီးသွားတယ်လို့ သိရတယ်။ လောလောဆယ်တော့ ကျောက်ဖြူရဲစခန်းမှာလို့ ကြားပါတယ်” ဟုပြောသည်။

ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “PDF ကို ငွေတွေဘာတွေ ထောက်ပံ့တယ်ဆိုပြီးအဖမ်းခံရတာပါ။ သူ့ကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ PDF ကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီး အထက်က သူ့နာမည်တွေ မှတ်ပုံတင်၊ မိဘနာမည်တွေနဲ့တကွ စာလာလို့ အဖမ်းခံရတာ”ဟု နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

လက်ရှိတွင် သူမကို ချုပ်ရမန်ကြီး ၁ ပတ်ယူကာ ကျောက်ဖြူထောင်ချုပ်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

သူမသည် အဝေးသင်တက္ကသိုလ်ပထမနှစ်တက်ရန် လျှောက်ထားသူဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ဦးစိန်ချစ်(၄၂)နှစ်၊ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄)နှစ်နှင့် မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့မှ မတင်စန္ဒာဝင်းနှင့် ဒေါ်စန်းချိုသိုက်(၅၀)နှစ်နှင့် ကိုမင်းဒီပါ (၂၄)နှစ်တို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)၊ ၅၀(ည)တို့ဖြင့် ဖမ်းဆီးတရားစွဲဆို ထိန်းသိမ်းခံထားရကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...