KBC ဥက္ကဌနဲ့ ဗိုလ်ချုပ်မှုးကြီး မင်အောင်လှိုင်တို့ ယခင်နှစ် တွေ့ဆုံမှုကို ယခုနှစ် တွေ့ဆုံမှုအဖြစ် သတင်းမှားဖြန့်

KBC ဥက္ကဌနဲ့ ဗိုလ်ချုပ်မှုးကြီး မင်အောင်လှိုင်တို့ ယခင်နှစ် တွေ့ဆုံမှုကို ယခုနှစ် တွေ့ဆုံမှုအဖြစ် သတင်းမှားဖြန့်

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ ဒီဇင်ဘာလ ၁ ရက်နေ့က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့ တယ်ဆိုတဲ့ သတင်းတစ်ခုကို အိုက်တူးဆိုသူ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၂ ရက်နေ့က ရေးတင် ထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးအပ် နေ တဲ့ ဓာတ်ပုံကို အသုံးပြုပြီး စာရေးတင်ထားတာကို တွေ့ရပါတယ်။

အဲ့ဒီရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

အိုက်တူးဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကချင်နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံခဲ့တဲ့ဟာကို အခုလက်ရှိ တွေ့ဆုံနေသလို မျိုး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးတင်ထားခြင်း ဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့က တွေ့ဆုံခဲ့စဉ်က သတင်းဌာနတွေကလည်း ဓာတ်ပုံနဲ့တကွ သတင်းထုတ်လွှင့် ရေးသားခဲ့ကြ သလို တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၀ ခုနှစ် ဒီဇင် ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်က RFA က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/2ZRuqxv တွေ့ နိုင်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ကိုလည်း ဒီမှာ https://bit.ly/3piOTnm ဝင်ကြည့်လို့ရပါ တယ်။

အချက်အလက်အားလုံးကို စီစစ်လိုက်တဲ့အခါမှာတော့ အိုက်တူးဆိုသူရဲ့ ရေးသားမှုဟာ သတင်းအမှား ဖြစ်တယ် ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံက ပေးချင်တဲ့ သတင်းစကားတွေ မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကိုလည်း တွေ့ရပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...