KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံးဟုဆို

KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံးဟုဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅) နယ်မြေတွင် တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော် သတင်းစဉ်က ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ရက်မှ ၃၀ရက်နေ့အထိ တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၀၃ ဦးကျဆုံးကာ ၈၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါရှိသလို ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင်ဒဏ်ရာရရှိကာ စစ်ကား ၇ စီးကို ပျက်စီးခဲ့ကြောင်းလည်း KNU မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KNLA တပ်မဟာ ၅ ဗျူဟာမှူး စောထူးကရှောက “စစ်ကောင်စီတပ်က ရိက္ခာပို့ဆောင်ဖို့ သူ့လူတွေ ထပ်ပို့လာတယ်။ ကျနော်တို့ဘက်က ဝင်ခွင့်မပြုတဲ့အတွက် ပစ်ခတ်မှုတွေကတော့ ဆက်တိုက်ဖြစ်တယ်။ သူတို့က နယ်မြေစိုးမိုးရေးလုပ်ဆောင်လာတဲ့အပေါ်မှာ ကျနော်တို့ တပ်မဟာ ၅ အနေနဲ့ကတော့ တိုက်ထုတ်ရမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားပြီး အခုလို ထိခိုက်ကျဆုံးမှုတွေ ရှိလာတာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ဘက်မှလည်း နိုဝင်ဘာလတစ်လ အတွင်း ၃ ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုသည်ဟု KNU ဘက်က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများ၏ လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးပေါင်း ၅၃ လုံးပစ်ခတ်ခဲ့သည်ဟုလည်း KNU ဘက်က ပြောသည်။

ယခင်လ အောက်တိုဘာလတုန်းကလည်း KNU မူတြော်ခရိုင်(တပ်မဟာ ၅ ) နယ်မြေထဲတွင် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၀၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၉၃ ဦးကျဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်ဟု KNU ၏ လစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...