KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံးဟုဆို

KNU တပ်မဟာ ၅ တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံကျဆုံးဟုဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅) နယ်မြေတွင် တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ မူတြော် သတင်းစဉ်က ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ရက်မှ ၃၀ရက်နေ့အထိ တစ်လအတွင်း ရင်ဆိုင်တိုက်ပွဲပေါင်း ၁၅၁ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၀၃ ဦးကျဆုံးကာ ၈၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါရှိသလို ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦးပါဝင်ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ မြင်းလား ၆ ကောင်သေဆုံးပြီး ၆ ကောင်ဒဏ်ရာရရှိကာ စစ်ကား ၇ စီးကို ပျက်စီးခဲ့ကြောင်းလည်း KNU မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KNLA တပ်မဟာ ၅ ဗျူဟာမှူး စောထူးကရှောက “စစ်ကောင်စီတပ်က ရိက္ခာပို့ဆောင်ဖို့ သူ့လူတွေ ထပ်ပို့လာတယ်။ ကျနော်တို့ဘက်က ဝင်ခွင့်မပြုတဲ့အတွက် ပစ်ခတ်မှုတွေကတော့ ဆက်တိုက်ဖြစ်တယ်။ သူတို့က နယ်မြေစိုးမိုးရေးလုပ်ဆောင်လာတဲ့အပေါ်မှာ ကျနော်တို့ တပ်မဟာ ၅ အနေနဲ့ကတော့ တိုက်ထုတ်ရမှာ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားပြီး အခုလို ထိခိုက်ကျဆုံးမှုတွေ ရှိလာတာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ဘက်မှလည်း နိုဝင်ဘာလတစ်လ အတွင်း ၃ ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုသည်ဟု KNU ဘက်က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများ၏ လုပ်ကိုင်စားသောက်ရာနေရာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးပေါင်း ၅၃ လုံးပစ်ခတ်ခဲ့သည်ဟုလည်း KNU ဘက်က ပြောသည်။

ယခင်လ အောက်တိုဘာလတုန်းကလည်း KNU မူတြော်ခရိုင်(တပ်မဟာ ၅ ) နယ်မြေထဲတွင် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၀၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၉၃ ဦးကျဆုံးပြီး ၉၆ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်ဟု KNU ၏ လစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...