ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြေယာပါဝင်နေသည့် ဒေသခံတောင်သူများ ကျူးကျော်ဖြစ်မည့်အရေးကို စိုးရိမ်နေကြ

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် မြေယာပါဝင်နေသည့် ဒေသခံတောင်သူများ ကျူးကျော်ဖြစ်မည့်အရေးကို စိုးရိမ်နေကြ

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းဧရိယာထဲတွင် မြေယာပါဝင်နေသည့်ဒေသခံတောင်သူများမှာ ကျူးကျော်ဖြစ်မည့်အရေးကို စိုးရိမ်နေကြကြောင်းပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုတည်ဆောက်နိုင်ရန် တစ်စိုက်မတ်မတ်ကြိုးစားနေသည်ဟု အသံထွက်ပေါ်နေသည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့သော (ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဟောင်း)ဦးမြင့်သိန်းကို လက်ရှိစစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ပြန်လည်တင်မြှောက်ပြီးဖွဲ့စည်းထားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တင်ဒါအောင်မြင်ထားသည့် CITIC ကုမ္ပဏီကလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်နိုင်ရေးလုပ်ဆောင်နေသည်ကိုတွ့ရကြောင်း ဒေသခံများကပြောသည်။

ယင်းကြောင့် စီမံကိန်းဧရိယာထဲ၌ မြေယာပါဝင်နေသည့်တောင်သူများအနေဖြင့် စီမံကိန်းမစတင်မီတွင် လယ်ယာမြေပိုင်ဆိုင်မှုအထောက်အထားများကို တိတိကျကျပြုလုပ်ပေးရန် လိုလားနေကြသည်။

ကျောက်ထြူဒေသ တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုလှသိန်းက "မြေစာရင်းကိုမေးတဲ့အချိန်မှာ ဧက ၁၁၀ က လျော်ကြေးရမှာပဲတဲ့၊ ဧက ၂၅၀ မှာ ၁၁၀ ပဲလျော်ကြေးရမှာဆိုတော့ ၁၄၀ ကျန်တာပေါ့၊ ဒါဆိုရင်ဘယ်လိုရမလဲဆိုပြီးမေးတော့ ဒါကတော့ မြေလွတ်မြေရိုင်းပဲတဲ့၊ မြေလွတ်မြေရိုင်းဆိုရင် ကျွန်နော်တို့မှာမရှိဘူးလို့ပြောတယ်၊ ဒါက မိဘရိုးရာလုပ်စားလာတဲ့လယ်ယာမြေပါ၊ ဓားမဦးချဘိုးဘွားပိုင်လယ်မြေတွေပါ"ဟု ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ကျေးရွာအုပ်စု ၉ ခုမှ လယ်ယာမြေဧကပေါင်း ၄၈၀၀ ကျော်ခန့် အသုံးပြုရန်လျာထားသည်။ သိုင်းချောင်းကျေးရွာအုပ်စုနှင့် ကြက္တိန်ကျေးရွာအုပ်စုမှ လယ်မြေဧက ၂၅၀ တွင် စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်မည်ဖြစ်သည်။

NLD အစိုးရလက်ထက်က သိမ်းဆည်းရန်ပြင်ဆင်ခဲ့သည့် လယ်မြေဧက ၂၅၀ ထဲတွင် ကျေးရွာအုပ်စုလေးခုမှ လယ်သမား ၇၀ ကျော်၏ လယ်မြေများပါဝင်နေသည်။

ယင်းသို့ ပထမဆုံးသိမ်းဆည်းမည့်လယ်မြေများမှာ နေရပ်အတိအကျမသိသူသုံးဦးမှ ဒေသခံလယ်ပိုင်ရှင်များမသိဘဲ အမည်ပေါက်ရယူထားသည့် မြေဧကပေါင်း တစ်ရာကျော်ရှိနေသည်။ ယခုသိမ်းဆည်းမည့်မြေယာများထဲမှာ ယင်းလူသုံးဦး၏ မြေဧကခြောက်ဆယ်ကျော်ပါဝင်နေသည်ဟု လေ့လာသူများကဆိုသည်။

အဆိုပါလူသုံးဦး၏ပိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံဥပဒေအရ(လ/န ၃၉) ဂရမ်မြေအဖြစ် အမည်ပေါက်ရရှိထားပြီး သိမ်းဆည်းမြေတွေအတွက် NLD အစိုးရလက်ထက်ကထုတ်ပြန်ချက်အရ ဒေသခံမြေပိုင်ရှင်(၂၂)ဦးကို ကျူးကျော်သူများအဖြစ် ဖေါ်ပြထားသည်ဟုလည်း လေ့လာသူများကပြောသည်။

စီမံကိန်းဧရိယာမှာပါဝင်သည့် လယ်ယာမြေများထဲမှ ဒေသခံတောင်သူများပိုင်ဆိုင်သည့် လယ်ယာမြေအချို့ကို စီးပွားရေးလုပ်ငန်းရှင်များကဝယ်ယူထားကြကာ အချို့မှာလည်း သက်ဆိုင်ရာများနှင့်ပေါင်းပြီး မတော်မတရားရယူထားသည်ကိုတွေ့ရှိရသည်ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးအဖွဲ့၏ အကြံပေးတစ်ဦးဖြစ်သူ ဦးဘရှိန်ကပြောသည်။

"စက်မှုဇုန်လုပ်မဲ့ ကျောက်ဖြူနဲ့ ၁၀ မိုင်အကွာအဝေးမှာရှိတဲ့ ရေတပ်လမ်းဆုံ၊ အဲဒီနေရာက ဧက ၂၅၀ မြေကိုယူပြီးတော့ စက်မှုဇုန်လုပ်မယ်၊ အဲဒီစက်မှုဇုန်အတွက် ဖျာခင်းထားကြတဲ့လူတွေလည်းရှိတယ်"ဟု ဦးဘရှိန်ကပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တင်ဒါစတင်ခေါ်ယူခဲ့ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှစ်ခုအတွက် တရုတ်က ၈၅ ရာခိုင်နှုန်း မြန်မာက ၁၅ ရာခိုင်နှုန်းနှင့် သဘောတူခဲ့ကြသည်။

၂၀၁၅ ခုနှစ် NLD ပါတီက အစိုးရဖြစ်လာချိန်တွင် ရှယ်ယာကိစ္စကိုပြန်လည်ဆွေးနွေးခဲ့ကြပြီး မြန်မာက ၃၀ ရာခိုင်နှုန်း၊ တရုတ်က ၇၀ ရာခိုင်နှုန်းနှင့် ပြန်လည်ညှိနှိုင်းသဘောတူခဲ့ကြသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...