မြန်မာ့အရေး လက်တွဲလုပ်ဆောင်ရန် ဂျပန်နှင့် ကမ္ဘောဒီးယား သဘောတူ

မြန်မာ့အရေး လက်တွဲလုပ်ဆောင်ရန် ဂျပန်နှင့် ကမ္ဘောဒီးယား သဘောတူ

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လက်ရှိ အကျပ်အတည်း အခြေအနေနှင့် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား နီးနီးကပ်ကပ် အတူတကွ လုပ်ဆောင်သွားရေးအတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ ဒီဇင်ဘာ ၁ ရက်တွင် သဘောတူခဲ့ကြသည်။

အကြမ်းဖျင်း ၃၅ မိနစ်ကြာမြင့်ခဲ့သည့် ဗီဒီယိုကွန်းဖရင့်တစ်ခုတွင် ဂျပန်ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ဖလှယ်မှုကို အားကောင်းစေရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်သည် ကမ္ဘောဒီးယားရှိ ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ဆောင်မှုများအတွင်း ဂျပန်၏ ပါဝင်ပတ်သက်မှု၏ အနှစ် ၃၀ မြောက် နှစ်ပတ်လည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

အလားတူ ကမ္ဘောဒီးယား၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မှုအတွက် ကာကွယ်ဆေးများနှင့် အခြားအကူအညီများ ဂျပန်ဘက်က ထောက်ပံ့ပေးအပ်မှုအတွက် တန်ဖိုးထားကျေးဇူးတင်ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

လာမည့်နှစ်တွင် ကမ္ဘောဒီးယားသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေးနှင့် လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုသည့် အမြင်အောက်တွင် ချမ်းသာကြွယ်ဝမှုများ ရရှိနိုင်ရေးအတွက် ဆက်လက်ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...