ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီကား မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် စစ်ကောင်စီကား မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီကားအား ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F နှင့် People Defense Force (Kyaukse) မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးမြို့ဘက် ဦးတည်မောင်းနှင်လာသော လက်နက်အပြည့်အစုံနှင့် အင်အား ၃၀ ကျော်ခန့်လိုက်ပါလာသည့် စစ်ကောင်စီကားအး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၃ မိုင်၊ ၅ ဖာလုံတွင် ဒေသခံ ကာကွယ်ရေးတပ်များမှ ကားမိုင်း ခြောက် လုံးဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း KDDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့က သတင်းကြိုရလို့ ကျွန်တော်တို့ ကားမိုင်း ခြောက် လုံးထောင်ထားပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သူတို့က မန္တလေး၊ မြင်းခြံ ဘက်တွေသွားရင် အမြန်လမ်းကို သုံးတာများတယ်။ အဲဒါကြောင့် ကျွန်တော်တို့စောင့်ပြီး မိုင်းဆွဲခဲ့တာ” ဟု ၎င်းကဆိုသည်။

ထိုသို့ မိုင်းဆွဲမှုများဖြစ်ပွားတိုင်း စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသော်လည်း ယခုအခါ ထိုသို့ပစ်ခတ်ခြင်း မပြုသဖြင့် စစ်ကောင်စီဘက်မှ အထိအခိုက်များနိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

“မနေ့က ကျွန်တော်တို့ မိုင်းဆွဲပြီးပြီးချင်း သူတို့ဘက်က အသံနားထောင်သေးတယ်၊ သူတို့ဘက်က ဘာသေနတ်သံမှ မကြားဘူး၊ ကျွန်တော်တို့အထင်တော့ တစ်စီးလုံး ကြွသွားတယ်လို့ထင်တယ်။ ကားဘယ်လောက် အခြေအနေထိ ပျက်စီးသွားလဲတော့ မမြင်လိုက်ရဘူး။ တကယ်လို့ မသေဘဲ ကျန်တဲ့သူရှိလည်း ကျွန်တော်တို့ ဝင်ပစ်မယ်၊ လက်နက်ကောက်မယ်ဆိုပြီး စီစဉ်ထားတာ” ဟု KDDF ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

မိုင်းဆွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်ရှင်းလင်း၍ လက်နက်ကောက်ရန် စီစဉ်ထားသော်လည်း ပြည်သူများလိုက်ပါစီးနင်းလာသည့် Express ကား မောင်းနှင်ဖြတ်သန်းလာသဖြင့် မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့များ အောင်မြင်စွာဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဉ်များ ရောက်လာပြီး စစ်ကောင်စီဘက်မှ လမ်းများပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူများ ထိခိုက်မှု မဖြစ်စေရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်နေရာများမှ ခပ်ခွာခွာနေပေးကြရန် ကာကွယ်ရေးတပ်မှ မေတ္တာရပ်ခံထားသည်။

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...