မိုးမောက် ဘုရားကျောင်း လက်နက်ကြီး ပစ်ခတ်သူကို စစ်ကောင်စီ တပ်အစား KIA လို့ အစားထိုး စွပ်စွဲ

မိုးမောက် ဘုရားကျောင်း လက်နက်ကြီး ပစ်ခတ်သူကို စစ်ကောင်စီ တပ်အစား KIA လို့ အစားထိုး စွပ်စွဲ

မိုးမောက်မြို့မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းနဲ့ စစ်ရှောင်စခန်းထဲကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပြီး ထိခိုက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်း တစ် ခုကို U Win Shwe ဆိုသူ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရေးတင်ခဲ့ပါတယ်။

ဒီလိုရေးသားမှုက သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ မိုးမောက်မြို့ ကြေးနန်းရပ် ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းနဲ့ စစ်ရှောင်စခန်းထဲကို ကျရောက်ခဲ့တဲ့ လက်နက်ကြီး ကျည်ကို စစ်ကောင်စီ တပ်က ပစ်တာကို KIA က ပစ်ပါတယ် ဆိုပြီး ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက မိုးမောက်မြို့  ကြေးနန်းရပ်ကွက်ဖက်ကို တက်လာပြီး တော့ ဘုရားကျောင်းအနီးကို ရောက်တဲ့အခါမှာ မိုင်းခွဲတာတို့ လက်နက်ကြီးတွေ ပစ်တာတို့ လုပ်တဲ့အခါမှာ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ဘုရားကျောင်းနဲ့ စစ်ဘေးရှောင်စခန်းထဲကို ကျရောက်ပြီး ထိမှန်ခဲ့ တာလို့ ဒေသခံတွေက ပြောပြပါတယ်။

ဒါ့အပြင် U Win Shwe ရဲ့ ရေးသားမှုဟာ ကချင်သတင်းဌာန Kachin News Group (KNG) က ရေးသားထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ ဆိုတဲ့ သတင်းကို ကိုးကားရေးသားထားပြီး စစ်ကောင်စီနေရာမှာ KIA ဆိုပြီး စကားလုံးပြောင်းကာ ပြင်ဆင် ရေး သားခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီးတော့ ကချင်သတင်းဌာန Kachin News Group (KNG) က သတင်းရေး သားထားတာကို ဒီမှာ https://bit.ly/31mlRLs တွေ့နိုင်ပါတယ်။

ဒါကြောင့် U Win Shwe ရဲ့ ရေးသားမှုကို ကြည့်မယ်ဆိုရင် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တကယ့် အချက်အလက် အမှန်ကို ရေးသားထားတာ မဟုတ်ပဲ KNG သတင်းဌာနရဲ့ သတင်းရေးသားမှုကို စကားလုံးပြောင်းကာ ပြင်ဆင် ရေးသားထားခြင်း၊ ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ကွဲလွဲနေခြင်းတို့ကြောင့် သတင်းအမှား တစ်ခုဆိုတာ စီစစ် အတည် ပြုနိုင်ခဲ့ပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှန်တွေကို အချက်အလက်အမှားတွေ ထည့်ပြီး ပြင်ဆင်ရေးသားမှုတွေ ရှိနေသလို တမင်ရည်ရွယ်ပြီး သတင်းအမှားတွေကို ရေးတင်နေတာတွေလည်း အများ ကြီး တွေ့ရပါတယ်။

ဒါကြောင့် Facebook လူမှုကွန်ရက်စာမျက်နှာကို သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ကိုယ့်ထပ်ဆင့် ဖြန့်ဝေ မယ့် သတင်းဟာ ရှိ/မရှိ တင်/မတင် မှန်/မှား သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေပေးကြဖို့ လိုအပ်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...