မောင်တောခရိုင်မှ မွတ်ဆလင်ကျေးရွာ(၁၁)ရွာ၌ ၁၁ လအတွင်း မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့

မောင်တောခရိုင်မှ မွတ်ဆလင်ကျေးရွာ(၁၁)ရွာ၌ ၁၁ လအတွင်း မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ၁၁ လတာအတွင်း မီးလောင်မှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုများမှာ မွတ်ဆလင်ကျေးရွာ ၁၁ ရွာတွင်ဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုများမှာ မီးဖိုမီး(၇)ကြိမ်၊ တောမီး(၁)ကြိမ်နှင့် ရှို့မီး (၅)ကြိမ်တို့ဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၀,၃၃၅,၀၀၀ ခန့်ဖြစ်ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က DMG သို့ပြောသည်။

“ရှို့မီးတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က သက်ဆိုင်ရာဌာနတွေနဲ့ပေါင်းပြီးတော့ တရားခံတွေဖမ်းမိနိုင်အောင် ကြိုးစားနေတယ်"ဟု ၎င်းကပြောသည်။

မီးလောင်မှုများမှာ မောင်တောမြို့နယ်မှ သာစည်ကုန်း၊ ပန်းတောပြင်၊ ငါးစားကြူး၊ ရွေဇားဂုံးနားကျေးရွာတို့နှင့် ဘူးသီးတောင်မြို့နယ်မှ ရွက်ညိုတောင်၊ စိမ်းညှင်းပြား၊ ဒိုးတန်း၊ ဖော်တေအာလီ(ကူးတို့ဆိပ်)၊ အမှတ်(၄) သပြေကုန်းရပ်ကွက်၊ ယင်းမ(မွတ်ဆလင်)ကျေးရွာနှင့် သပိတ်တောင်မြောက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာန၏ စာရင်းအရသိရသည်။

လက်ရှိမောင်တောခရိုင်အတွင်းမှ စစ်ဘေးရှောင်စခန်းများ၊ ရပ်ကွက်/ကျေးရွာများတွင် သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူးများမှဦးဆောင်ကာ မီးဘေးလုံခြုံရေး အသိပညာပေးမှုများဆောင်ရွက်နေကြောင်းလည်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကပြောသည်။

ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းဈေးကျေးရွာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အသိပညာပေးမှုများရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမန်ကပြောသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်လည်း မီးဘေးအန္တရာယ်အသိပညာပေးမှုများကို မီးသတ်ဦးစီးဌာနမှလုပ်ဆောင်ခဲ့ကြောင်း စခန်းတာဝန်ခံ ဦးမောင်စိုးသန်းက DMG သို့ပြောသည်။

“မီးဘေးနဲ့ပတ်သက်ပြီး ရှောင်ရန်၊ရှားရန်တွေကို အသိပညာပေးတာတွေရှိတယ်။ နောက်ပြီးတော့ ထမင်းချက်ပြီးရင်မီးကိုငြိမ်းရမယ်။ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအတွင်း မီးလောင်မှု(၄၅)ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၇၅,၅၇၁,၀၀၀ ခန့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးဌာနမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...