စစ်တပ်အာဏာသိမ်းမှု ၁၀ လတာအတွင်း သေဆုံးသူ ၁၃၀၀ ဦးရှိကြောင်း AAPP ထုတ်ပြန်

စစ်တပ်အာဏာသိမ်းမှု ၁၀ လတာအတွင်း သေဆုံးသူ ၁၃၀၀ ဦးရှိကြောင်း AAPP ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၁၀ လတာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၃၀၀ ဦးနှင့် ဖမ်းဆီးခံရသူ ၁၀၅၉၆ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအရေအတွက်မှာ AAPP မှ ကောက်ယူထားသည့်စာရင်းဖြစ်ပြီး အမှန်တကယ်မှာ ယင်းထက်ပိုများနိုင်ကြောင်း AAPP မှ ဆိုသည်။

အာဏာသိမ်းမှုစတင်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း(၇၆၆၈)ဦးရှိပြီး ယင်းအထဲတွင် (၃၄၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP ၏ စာရင်းအရသိရသည်။

ထိုသို့ပြစ်ဒဏ်ကျခံထားရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး(၂)ဦးအပါအဝင် (၃၄)ဦးမှာ သေဒဏ်အထိချမှတ်ခံထားရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံထားရခြင်းကြောင့် တိမ်းရှောင်နေရသူ (၁၉၅၄)ဦး၏ အမည်စာရင်းကိုလည်း AAPP မှ သီးခြားဖော်ပြထားပြီး ထိုသို့ဝရမ်းထုတ်ခံထားရသူများအနက် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉)ဦးအပါအဝင် (၁၁၈)ဦးမှာလည်း မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

AAPP ၏စာရင်းများအရ လက်ရှိအချိန်ထိ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၇၃)ဦးရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ လုံခြံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူများ၊ သေဆုံးခဲ့သူများစာရင်းကို ကောက်ယူစာရင်းပြုစုနေသောအဖွဲ့အစည်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနကမူ AAPP ကို တရားမဝင်အသင်းအဖြစ် ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် စစ်တပ်ပိုင်မြဝတီသတင်းမှာတစ်ဆင့် ကြေငြာထားသည်။

ဆန္ဒပြဖြစ်စဉ်များတွင် အရပ်သားပြည်သူများထိခိုက်သေဆုံးမှု ကိန်းဂဏန်းများအား AAPP မှ နေ့စဉ်ဖော်ပြချက်များမှာ အမှန်တကယ်ကိန်းဂဏန်းများထက် ပိုမိုဖောင်းပွနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သဖြင့် နိုင်ငံတစ်ဝှမ်းဆန္ဒပြမှုများဖြစ်ပေါ်ကာ လက်ရှိတွင် လက်နက်ကိုင်တော်လှန်မှုများလည်း ရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...