မထောတပ်စခန်း ကိစ္စ KNU ရှင်းလင်းချက် ထုတ်ပြန်

မထောတပ်စခန်း ကိစ္စ KNU ရှင်းလင်းချက် ထုတ်ပြန်

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ မထောတပ်စခန်းကို KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူတာ တစ်စုံတစ်ရာမရှိပဲ အရင်ဖြစ်ပွားနေကျ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမျိုးသာ ဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၅ နာရီအချိန်က ဖာပွန်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ မထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ပြည်တွင်း၊ပြည်ပ သတင်းဌာနအချို့က ရေးသားဖော်ပြနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး KNLA တပ်မဟာ ၅ ဟာ စစ်ကောင်စီရဲ့ မထောတပ်စခန်းကို တိုက်ခိုက်သိမ်းယူတာ တစ်စုံတစ်ရာမရှိပဲ ဖာပွန်-ကမမောင်းကားလမ်းမတစ်လျှောက်မှာ အရင်ဖြစ်ပွားနေကျ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမျိုးသာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်က ကားလမ်းမတစ်လျှောက်မှာ ဖြစ်ပွားလျက်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က မည်မျှသေကြေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ လက်ရဖမ်းဆီးမှု မည်မျှရှိကြောင်းကိုလည်း တိကျတဲ့သတင်းတွေ တစ်စုံတစ်ရာမရရှိသေးဘူးလို့ ဒေသခံတပ်မှူးတွေထံကနေ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီဘက်က အခုလို အင်းအားအများအပြားအသုံးပြုပြီး နယ်မြေစိုးမိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ကြား နေ့စဉ်လိုလို ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...