မထောတပ်စခန်း ကိစ္စ KNU ရှင်းလင်းချက် ထုတ်ပြန်

မထောတပ်စခန်း ကိစ္စ KNU ရှင်းလင်းချက် ထုတ်ပြန်

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ မထောတပ်စခန်းကို KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူတာ တစ်စုံတစ်ရာမရှိပဲ အရင်ဖြစ်ပွားနေကျ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမျိုးသာ ဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ မနက် ၅ နာရီအချိန်က ဖာပွန်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ မထောတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ကြောင်း ပြည်တွင်း၊ပြည်ပ သတင်းဌာနအချို့က ရေးသားဖော်ပြနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး KNLA တပ်မဟာ ၅ ဟာ စစ်ကောင်စီရဲ့ မထောတပ်စခန်းကို တိုက်ခိုက်သိမ်းယူတာ တစ်စုံတစ်ရာမရှိပဲ ဖာပွန်-ကမမောင်းကားလမ်းမတစ်လျှောက်မှာ အရင်ဖြစ်ပွားနေကျ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမျိုးသာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်က ကားလမ်းမတစ်လျှောက်မှာ ဖြစ်ပွားလျက်ရှိတဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က မည်မျှသေကြေ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ လက်ရဖမ်းဆီးမှု မည်မျှရှိကြောင်းကိုလည်း တိကျတဲ့သတင်းတွေ တစ်စုံတစ်ရာမရရှိသေးဘူးလို့ ဒေသခံတပ်မှူးတွေထံကနေ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီဘက်က အခုလို အင်းအားအများအပြားအသုံးပြုပြီး နယ်မြေစိုးမိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ကြား နေ့စဉ်လိုလို ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...