အိမ်ဖြူတော်(KTV) မှုခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင်တို့ကို စစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ထုတ်ပြန်

အိမ်ဖြူတော်(KTV) မှုခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင်တို့ကို စစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ထုတ်ပြန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော်(KTV)၌ ဖြစ်ပွားခဲ့သည့်အမှုအခင်းတွင် ပါဝင်သူအချို့နှင့် KTV ပိုင်ရှင် ဦးသိန်းရွှေတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့မှ နိုဝင်ဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၀ ရက်နေ့က အိမ်ဖြူတော်ဆိုင်ဝန်ထမ်းများမှ Customer(၃)ဦးအား မာဖီးယားဂိုဏ်းဆန်စွာ အုပ်စုဖွဲ့ မတရားအနိုင်ကျင့်ရိုက်နှက်ခဲ့မှုပြုလုပ်ခဲ့ကြောင်း ဗွီဒီယိုဖိုင်တွဲပြီး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်သူများအပေါ် မတရားအနိုင်ကျင့်မှုများမှ အကာအကွယ်ပေးရန်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ လုံခြုံမှုရရှိစေရန်၊ အလားတူဖြစ်ရပ်များ နောက်ထပ်မပေါ်ပေါက်စေရန်နှင့် အမှုအခင်းနှင့်ပတ်သက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်အတွက် အိမ်ဖြူတော်ဖြစ်စဉ်တွင်ပါဝင်သူများကို ထိန်းသိမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့က ဆိုသည်။

အသက် ၅၀ ကျော်အရွယ် အိမ်ဖြူတော်ပိုင်ရှင် ဦးသိန်းရွှေ(ခ) ဦးသိန်းလွင်ကို နိုဝင်ဘာ ၇ ရက်နေ့က စစ်တွေမြို့၊ အမြင့်ကျွန်းကျေးရွာမှကထိန်ပွဲတစ်ခုတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“ဦးသိန်းရွှေမှာ တခြားနှစ်ယောက်ပါသေးတယ်။ ထမင်းစားနေတုန်း ဖမ်းဆီးသွားတာပါ။ သူ့မှာ ဘတ်ဖိုးနဲ့လုပ်ငန်းတွေလည်းရှိတယ်။ တခြားစီးပွားရေးတွေလည်းရှိတယ်“ဟု ဦးသိန်းရွှေနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

စစ်တွေမြို့ အိမ်ဖြူတော်(KTV)ပိုင်ရှင် ဦးသိန်းရွှေမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ကာယဗလမောင်တစ်ဦးလည်းဖြစ်သည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး စစ်တွေမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

စစ်တွေမြို့ အိမ်ဖြူတော်၌ဖြစ်ပွားခဲ့သည့်အမှုအခင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနသို့တိုင်တန်းလာသော အမှုအခင်းတစ်ခုဖြစ်ပြီး ထိုသို့အနိုင်ကျင့်ရိုက်နှက်သည့်ဖြစ်ရပ်များနှင့်ပတ်သက်သည့် အလားတူတိုင်တန်းမှုမျိုးကိုလည်း လက်ခံထားမှုများရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင်ပြည်သူများအနေဖြင့် မတရားအနိုင်ကျင့်ခံရမှုများရှိပါက နစ်နာသူများအနေဖြင့်တိုင်တန်းနိုင်ကြောင်းလည်း ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ကဆိုသည်။

Most read this week

December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...
December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...