ငါးဖမ်းပစ္စည်းများ စျေးမြင့်တက်နေမှုကြောင့် ရေလုပ်သားများအခက်ကြုံ

ငါးဖမ်းပစ္စည်းများ စျေးမြင့်တက်နေမှုကြောင့် ရေလုပ်သားများအခက်ကြုံ

ငါးဖမ်းလုပ်ငန်းနှင့်ဆက်စပ်ပစ္စည်းများ စျေးမြင့်တက်နေမှုကြောင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ရေလုပ်သားများက ပြောဆိုကြသည်။

ယခင်က ဆွဲပိုက်တစ်လက်ပြင်ဆင်ပါက ၃ သိန်းခန့်သာ ကုန်ကျသော်လည်း လက်ရှိတွင် ဆွဲပိုက်တစ်လက်ကို ၅ သိန်းကျော်အထိ ကုန်ကျမှုရှိကြောင်း ကုလားတန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဦးမောင်လှယဉ်က DMG သို့ပြောသည်။

"အရင်က ဆွဲပိုက်တစ်လက်လုပ်မယ်ဆိုရင် ၃ သိန်းနီးပါးလောက်ပဲကုန်တယ်။ အခုလုပ်မယ်ဆိုရင် ၅ သိန်းကျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်အသားတစ်ပိသာကို ၈ ထောင်ပဲရှိတယ်။ အခု ၂၂၀၀၀ ဖြစ်သွားတယ်"ဟု ၄င်းကဆိုသည်။

ယင်းအပြင် ငါးစျေးမှာလည်းမကောင်းသဖြင့် အခက်အခဲနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရေလုပ်သားများကဆိုသည်။

ကုလားတန်မြစ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ဦးအောင်တင်သိန်းက"ဒီဇယ်ဆီစျေးက တိုင်ကီတစ်ပီပါကို အရင်ကဆို ၁ သိန်းကျော်လောက်ပဲရှိတယ်။ အခုဆိုတစ်ပီပါကို သုံးသိန်းကျော်အထိ စျေးကထိုးတက်လာတယ်။ ပင်လယ်ထဲမှာ ငါးဖမ်းစရိတ်က အရင်ကနဲ့မတူတော့ဘူး။ ကုန်ကျစရိတ်ကပိုများလာတယ်။ ဒါပေမဲ့ ငါးစျေးကွက်တက်မလာဘူး။ ငါးဖမ်းရတာလည်း အရင်လိုငါးတွေများများမရတော့ဘူး"ဟု DMG သို့ ပြောသည်။

မျှောပိုက်များမှာလည်း ယခင်ထက်စျေးမြင့်တက်နေသည့်အတွက် ရေလုပ်သားများအတွက်အခက်အခဲရှိကြောင်း စစ်တွေမြို့ ကျေးတောပိုက်ဆိပ်ကျေးရွာမှ မျှောပိုက်ချနေသည့် ရေလုပ်သား ကိုလှတင့်ကပြောသည်။

"မျှောပိုက်တွေက အရင်ကထက်စျေးတက်သွားတယ်။ အရင်နဲ့အခုဆိုရင် မျှောပိုက်တစ်လက်က ၅ ထောင်စျေးတက်သွားတယ်။ ငါးတွေကလည်းရှာမရတော့ စားဝတ်နေရေးအခက်အခဲရှိတာပေါ့" ဟု ၄င်းကဆိုသည်။

ယခင်က ကုန်ကျစရိတ်ကိုချန်ပြီး တစ်နေ့လျှင် ရေလုပ်သားတစ်ဦးကို ငွေ ၂ သောင်းကျပ် အသားတင်ကျန်ရှိသော်လည်း လက်ရှိမှာ တစ်ဦးအတွက် ငွေ ၅ ထောင်ကျပ်သာကျန်ရှိကြောင်း ရေလုပ်သားများက ပြောဆိုသည်။

Most read this week

AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
August 11, 2026
တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး...
August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...