ဒီမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စစ်ရှောင်တွေရဲ့ စပါးကို ခိုးယူတယ်လို့ သတင်းမှားဖြန့်ဝေ

ဒီမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စစ်ရှောင်တွေရဲ့ စပါးကို ခိုးယူတယ်လို့ သတင်းမှားဖြန့်ဝေ

ဒီမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (DMO-PDF) တွေဟာ နေရပ်စွန့်ခွာသွားတဲ့ စစ်ရှောင်တွေရဲ့ စပါးတွေကို ခိုးယူတယ်ဆိုတဲ့ သတင်းတစ်ခုကို Fact Checker Myanmar ဆိုတဲ့ Facebook Page မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က ကာကွယ်ရေး တပ်ဖွဲ့ တွေ စပါးသယ်နေတဲ့ ဓာတ်ပုံ ၂ ပုံ နဲ့အတူ ရေးတင်ထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Fact Checker Myanmar ဆိုတဲ့ Facebook Page က အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ရေးတင် ထားတဲ့ စာတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်က ထုတ်ပြန်ထားတဲ့   အိုးအိမ်စွန့်ခွာ တိမ်းရှောင် ပြည်သူတွေရဲ့ စပါးခင်းတွေကို DMO-PDF တပ်ရင်း( i ) က ကူညီ ရိတ်သိမ်းပေးနေကြောင်း ထုတ်ပြန်ချက်ထဲက အချက်အလက်တွေကို စကားလုံး ပြောင်းထည့်ပြီးတော့ ပြင်ဆင်ရေးသားထား လို့ပဲ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်ရဲ့ သတင်းထုတ်ပြန်မှုကို ဒီလင့်မှာ https://bit.ly/3oZOnL1 တွေ့နိုင်ပါတယ်။

ဒါကြောင့် Fact Checker Myanmar ဆိုတဲ့ Facebook Page က အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ရေးတင်ထားတဲ့ စာ တွေဟာ တကယ့်မြေပြင်မှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို ရေးသားထားတာ မဟုတ်ပဲ PDF တွေကို ပြည်သူတွေက အထင်အမြင်မှားအောင် ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်တယ်ဆိုတာကို စီစစ် တွေ့ရှိခဲ့ရပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/ မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ သင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...