ခင်ဦးနယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်သတင်းပေးများ ၆၂ ဦးထိ အသတ်ခံရ

ခင်ဦးနယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်သတင်းပေးများ ၆၂ ဦးထိ အသတ်ခံရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးများ၊ ပျူစောထီး အဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အသတ်ခံ‌နေရပြီး အသတ်ခံရသူ ဦးရေ ၆၂ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း တောကြီးမြွေဟောက် အဖွဲ့၏ စာရင်းအရ သိရသည်။

ပျူစောထီး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ အုန်းပင်ကုန်း ကျေးရွာသား အသက် ၄၀ အရွယ် ကိုချစ်ဦးသည် ၆၂ ယောက်မြောက် အဖြစ် အသတ်ခံရသူ ဖြစ်သည်ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။

“ကိုချစ်ဦးသည် ပျူစောထီးများ သင်တန်းတက်နိုင်ရန် စည်းရုံးနေသူ၊ အကြမ်းဖက် စကစများ ကျေးရွာသို့ ဝင်ရောက်စဥ် လမ်းပြခေါ်ဆောင်သူ၊ နယ်မြေအခြေအနေ သတင်းများ ထောက်လှမ်း၍ စကစထံ သတင်းပေးပို့နေသူ၊ ပျူစည်းရုံးရေးမှူး ဒလန်အကြီးစား၏ အသုံးတော်ခံ တစ်ယောက် ဖြစ်ပါသည်” ဟု တောကြီးမြွေဟောက်အဖွဲ့ - ခင်ဦးက နိုဝင်ဘာလ ၂၃ ရက်စွဲ ဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီ သတင်းပေးဒလန်၊ လက်နက်ကိုင် ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများသည် နွေဦးတော်လှန်ရေးတွင် တက်ကြွလှုပ်ရှားသူများနှင် CDM ပါဝင်သူများကို သတင်းပေး တိုင်ကြားခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ လှုပ်ရှားမှုများကို သတင်းပေးနေခြင်း တို့ကြောင့် အဓိကထား ရှင်းလင်းရခြင်းဖြစ်သည် ဟု ယင်းအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက မဇ္စျိမ ကို ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ပြည်သူအချင်းချင်း သတ်နေခြင်း မဟုတ်ကြောင်းနှင့် ရပ်ရွာလူထုကို သစ္စာ ဖောက်နေသူများအား စိစစ်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကြမ်းဖက် ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ပြည်သူ့ သစ္စာဖောက်တွေကိုပဲ သတိပေး တားမြစ်ချက်များ ထုတ်ပြီးမှ ဒလန် လုပ်သူကိုပဲ ရှင်းတာပါ။ မိသားစုကို မထိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ လုပ်ဆောင်မှုများကို သက်သေ အထောက်အထား ခိုင်လုံမှု များစွာယူ၍ သေချာ ဆုံးဖြတ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“လူမှုရေး ၊ ပုဂ္ဂိုလ်ရေး၊ ပါတီရေးနဲ့ ဆုံးဖြတ် ဆောင်ရွက်ခြင်း မရှိပါဘူး။ တော်လှန်ရေးအတွက် ဒလန် သတင်းပေးမှု ဆူးငြောင့်ခလုတ်များ ရှိလာပါကလည်း အောင်ပွဲရသည်အထိ လိုအပ်သလို ဆောင်ရွက် သွားမှာပါ” ဟု ပြန်ကြားရေး တာဝန်ခံ ဖြစ်သူက ပြောသည်။

တောကြီးမြွေဟောက်အဖွဲ့ သည် ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ ထောက်တိုင်နှင့် စစ်တပ် သတင်းပေးများအား ရှင်းလင်းနေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...