ကလေးမြို့နယ် စီးစံရွာသားတစ်ဦးကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်

ကလေးမြို့နယ် စီးစံရွာသားတစ်ဦးကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်

ကလေးမြို့၊ အနောက်တောင်ဘက် ချင်းတောင်ခြေအနီး စီးစံရွာသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ နိူဝင်ဘာလ ၁၆ ရက်နေ့က လည်လှီးသတ်ဖြတ်ခဲ့ပြီး ၄င်း၏ရုပ်အလောင်းကို ရွာသားများက သွားရောက်သယ်ယူခဲ့ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော PDF-Kalay တပ်ရင်း (၃) လက်အောက်ခံ တပ်ခွဲစခန်းအနီးတွင် ဦးခေါင်းသေနတ်ဒဏ်ရာနှင့် လည်လှီးထားသည့်ဒဏ်ရာဖြင့် အသက် ၄၈ နှစ်အရွယ် ဦးဗျက်နေဆန်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ဦးဗျက်နေဆန်းသည် ဝဥစိုက်ပျိုးထားသော တောင်ယာသို့ နိုဝင်ဘာလ ၁၄ ရက်တွင် တစ်ဦးတည်းသွားရောက်ညအိပ်ခဲ့ပြီး မိသားစုဝင်များမှ ပြန်လာရန်ဖုန်းဆက်ပြီးနောက် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတွင် သားသမီး ၄ ယောက်ရှိသည့်အပြင် လက်ရှိတွင် မိသားစုဝင်များမှာလည်း ကလေးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့က PDF-Kalay/CNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တပ်ဖွဲ့အကြား တနေကုန် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် အနီးအနားကျေးရွာများက မြောင်းလှ၊ မြောင်းဆုံ၊ ဆင်တော၊ ရှားတော၊စီးစံ၊ သုံးအိမ္စု၊ မြောင်းမြ၊စက္ကန့်ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြသည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...