KNLA တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် အင်အားထပ်ဖြည့်လာ

KNLA တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် အင်အားထပ်ဖြည့်လာ

နိုဝင်ဘာလအတွင်း လဆန်းပိုင်းကစတင်ပြီး KNLA တပ်မဟာ(၁)နယ်မြေအတွင်းကို စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် ထပ်ဖြည့်လာတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

KNLA တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ဘားအံမြို့နယ်တွေမှာ နဂိုရှိပြီးသား အင်အားတွေထက် ထပ်မံအင်အားဖြည့်လာတာတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က KNLA တပ်မဟာ(၁)နယ်မြေအတွင်းမှာ အင်အားထပ်မံတိုးချဲလာတာတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ KNLA ဘက်က သုံးသပ်ထားပါတယ်။

"စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ နယ်မြေထဲကို သူတို့ဘက်က နဂိုရှိရင်းစွဲ အင်အားတွေထက် ပိုဖြည့်လာတာတွေရှိတယ်။ တပ်အချိန်းအပြောင်းတွေလဲရှိခဲ့တယ်။ ဒီ နိုဝင်ဘာလ အတွင်းမှာဆို ၃ မြို့နယ်ပေါ့ သူတို့အင်အား ထပ်ဖြည့်လာတာတွေရှိတယ်။ ဘာကြောင့် အင်အား ထပ်ဖြည့်လာတယ်ဆိုတာတော့ မသိရသေးဘူး။ ဘားအံဘက်မှာတော့ စကစနဲ့BGF ပူးပေါင်းအဖွဲ့တွေပေါ့။''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယခုလအတွင်းမှာ ကျိုက်ထိုမြို့နယ်မှာ အင်အား ၂၀၀ ကျော်၊ ဘီးလင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ ဘားအံမြို့နယ်မှာ အင်အား ၃၀၀ ကျော် စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်လာပြီး ကျန်နေရာတွေမှာ နဂိုအင်အားတွေအတိုင်းသာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက KNLA တပ်မဟာ(၁)နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့KNLA တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...