KNLA တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် အင်အားထပ်ဖြည့်လာ

KNLA တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် အင်အားထပ်ဖြည့်လာ

နိုဝင်ဘာလအတွင်း လဆန်းပိုင်းကစတင်ပြီး KNLA တပ်မဟာ(၁)နယ်မြေအတွင်းကို စစ်ကောင်စီတပ်အင်အား ၇၀၀ ခန့် ထပ်ဖြည့်လာတယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

KNLA တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ဘားအံမြို့နယ်တွေမှာ နဂိုရှိပြီးသား အင်အားတွေထက် ထပ်မံအင်အားဖြည့်လာတာတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က KNLA တပ်မဟာ(၁)နယ်မြေအတွင်းမှာ အင်အားထပ်မံတိုးချဲလာတာတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ KNLA ဘက်က သုံးသပ်ထားပါတယ်။

"စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ နယ်မြေထဲကို သူတို့ဘက်က နဂိုရှိရင်းစွဲ အင်အားတွေထက် ပိုဖြည့်လာတာတွေရှိတယ်။ တပ်အချိန်းအပြောင်းတွေလဲရှိခဲ့တယ်။ ဒီ နိုဝင်ဘာလ အတွင်းမှာဆို ၃ မြို့နယ်ပေါ့ သူတို့အင်အား ထပ်ဖြည့်လာတာတွေရှိတယ်။ ဘာကြောင့် အင်အား ထပ်ဖြည့်လာတယ်ဆိုတာတော့ မသိရသေးဘူး။ ဘားအံဘက်မှာတော့ စကစနဲ့BGF ပူးပေါင်းအဖွဲ့တွေပေါ့။''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယခုလအတွင်းမှာ ကျိုက်ထိုမြို့နယ်မှာ အင်အား ၂၀၀ ကျော်၊ ဘီးလင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ ဘားအံမြို့နယ်မှာ အင်အား ၃၀၀ ကျော် စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်လာပြီး ကျန်နေရာတွေမှာ နဂိုအင်အားတွေအတိုင်းသာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက KNLA တပ်မဟာ(၁)နယ်မြေထဲမှာ စစ်ကောင်စီတပ်တွေနဲ့KNLA တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...