ဘူးသီးတောင်မြို့နယ်တွင် အာရဗီကျောင်းဆောင် မီးလောင်မှုဖြစ်

ဘူးသီးတောင်မြို့နယ်တွင် အာရဗီကျောင်းဆောင် မီးလောင်မှုဖြစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးကျေးရွာရှိ အာရဗီကျောင်းဆောင်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“အာရဗီကျောင်းအပေါ်ထပ်မှာ မီးလောင်ခဲ့တာပါ။ ဘာကြောင့် မီးလောင်မှုဖြစ်တယ်ဆိုတာတော့ လတ်တလောမသိရသေးဘူး”ဟု မီးကျောင်းစျေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇူရာမန်က DMG သို့ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ခန့်မှန်းခြေတန်ဖိုး ကျပ် ၉ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

မီးလောင်မှုဖြစ်ပွားစဉ် ကျေးရွာနေသူများက မီးဝိုင်းငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၅ နာရီခန့်တွင်မီးငြိမ်းခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

မီးလောင်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မောင်တောခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇင်ကပြောသည်။

ဘူးသီးတောင်မြို့နယ်၊ မိကျောင်းဈေးကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၇ ရက်နေ့က အ.လ.က(ခွဲ) စာသင်ကျောင်းတစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအတွင်း မီးလောင်မှုစုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...