ထားဝယ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ထားဝယ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ရေဖြူသွားလမ်းဘေးရှိ မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရား မုဒ်ဦးအနီးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ ကိုမိုးမြင့်ဦး(ခ)ဖိုးလူမဲ အသက် ၃၀ နှစ်ခန့် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ကင်းကုန်းကျေးရွာနေသူဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နံနက် ၁၁ နာရီခန့်မှာ ကိုမိုးမြင့်ဦး(ခ)ဖိုးလူမဲမှာ ကားပေါ်ထိုင်နေစဉ် အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

"သူက ကား လိုင်းဆွဲတဲ့သူ။ သတင်းပေးလို့လဲ သတင်းထွက်နေတယ်။ ဒီမနက်ပိုင်း သူဘုရားရှေ့မှာရှိနေတုန်း ဆိုင်ကယ်နဲ့လာတဲ့သူက သေနတ်နဲ့ပစ်သွားတာ။ သေသွားတယ်လို့ သိရတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရှင်ဓာတ်ဝဲဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...