ထားဝယ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ထားဝယ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ရေဖြူသွားလမ်းဘေးရှိ မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရား မုဒ်ဦးအနီးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ ကိုမိုးမြင့်ဦး(ခ)ဖိုးလူမဲ အသက် ၃၀ နှစ်ခန့် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ကင်းကုန်းကျေးရွာနေသူဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နံနက် ၁၁ နာရီခန့်မှာ ကိုမိုးမြင့်ဦး(ခ)ဖိုးလူမဲမှာ ကားပေါ်ထိုင်နေစဉ် အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

"သူက ကား လိုင်းဆွဲတဲ့သူ။ သတင်းပေးလို့လဲ သတင်းထွက်နေတယ်။ ဒီမနက်ပိုင်း သူဘုရားရှေ့မှာရှိနေတုန်း ဆိုင်ကယ်နဲ့လာတဲ့သူက သေနတ်နဲ့ပစ်သွားတာ။ သေသွားတယ်လို့ သိရတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရှင်ဓာတ်ဝဲဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...