“တရုတ်” နေရာမှာ “မြန်မာ” အစားထိုးပြီး လက်နက်သစ်သတင်းမှား ဖြန့်ဝေ

“တရုတ်” နေရာမှာ “မြန်မာ” အစားထိုးပြီး လက်နက်သစ်သတင်းမှား ဖြန့်ဝေ

အသံထက် ပိုမြန်တဲ့ မြန်မာ လက်နက်စမ်းသပ်မှု ကန် ဗိုလ်ချုပ်ကြီး နှင့် UN စိုးရိမ် ဆိုတဲ့သတင်းအမှား တစ် ပုဒ်ကို အောက်တိုဘာလ ၂၉ ရက်က Kyaw Thiha ဆိုတဲ့ အကောင့်ပိုင်ရှင်က USDP {ပြည်ခိုင်ဖြိုး}တပ်မတော်၊ ရဲ ချစ်မြတ်နိုးသူများ စုစည်းရာ Facebook Group ထဲမှာ ရေးတင်ထားကို တွေ့ရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂ ရက်နေ့က အဲ့ဒီသတင်းကိုပဲ ဦးအောင်ဇေယျဆိုသူ အကောင့်ပိုင်ရှင်ကလည်း တပ်မတော် အမှန်တကယ် ချစ်သူများ Facebook Group မှာ ရေးတင်ထားပြန်ပါတယ်။

အဲ့ဒီသတင်းကို Like, Comment နဲ့ Share တဲ့ သူ တော်တော်များများရှိနေတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ သတင်းအမှား တစ်ပုဒ်သာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီသတင်းဟာ VOA မြန်မာပိုင်းက ရေးသားထားတဲ့ “အသံထက် အလွန်မြန်တဲ့ တရုတ်  လက်နက် စမ်းသပ်မှု ကန်ဗိုလ်ချုပ်ကြီး စိုးရိမ်” ဆိုတဲ့ သတင်းကို တရုတ်ဆိုတဲ့ နေရာမှာ မြန်မာလို့ ပြောင်းပြီး သတင်း တစ်ပုဒ်လုံးကို အစအဆုံး ပြန်ပြီး ရေးသားထားလို့ပဲ ဖြစ်ပါတယ်။

VOA မြန်မာပိုင်းက ရေးထားတဲ့ “အသံထက် အလွန်မြန်တဲ့ တရုတ် လက်နက်စမ်းသပ်မှု ကန်ဗိုလ်ချုပ်ကြီး စိုးရိမ်” ဆိုတဲ့ သတင်းကို ဒီ https://bit.ly/3C3MPEr မှာ တွေ့ နိုင်ပါတယ်။

ယခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှန်တွေကို အချက်အလက်အမှားတွေ ထည့်ပြီး ပြင်ဆင်ရေးသားမှုတွေ ရှိနေသလို တမင်ရည်ရွယ်ပြီး သတင်းအမှားတွေကို ရေးတင်နေတာတွေလည်း အများ ကြီး တွေ့ရပါတယ်။

ဒါကြောင့် Facebook လူမှုကွန်ရက်စာမျက်နှာကို သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေ အနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ကိုယ့်ရဲ့ Facebook Account မှာ ဖြန့်ဝေတော့မယ်ဆိုရင် သတင်းဌာနတွေမှာ ကိုယ့်ဖြန့် ဝေမယ့် သတင်းဟာ ရှိ/မရှိ တင်/မတင် မှန်/မှား သေချာစိစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေပေးဖို့ အသိပေးချင်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...