နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်

နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်ရုံး၌ နိုဝင်ဘာလ ၁၀ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့သည်။

"ဥတ္တရ မီတာရုံးရယ်၊ ခု စည်ပင်ရုံးရယ် ပေါက်ကွဲမှုက ကျွန်တော်တို့ စီစဉ် ဆောင်ရွက်ချက်ပါ။ နေပြည်တော် အတွင်း ဖောက်ခွဲမှုတွေကို ကျွန်တော်တို့ပဲ စီစဉ်ဆောင်ရွက်ပါတယ်။ နောက်ထပ်လည်း လာပါလိမ့်မယ် ခင်ဗျ "ဟု Nay Pyi Taw PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖြစ်စဉ်အသေးစိတ်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။

"အုန်းခနဲ အသံအကျယ်ကြီးပဲ။ စည်ပင်ရုံးမှာ ပေါက်တာ။ လူတော့ မထိဘူးပြောတယ်။ မှန်ကွဲစတွေတော့ အများကြီးပဲ"ဟု မြို့မဈေး ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိဟု ဒေသခံများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...