CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့သတင်းအမှား

CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့သတင်းအမှား

 အဆိုပါသတင်းအမှားကို ဝေဖြိုးနိုင် ဆိုတဲ့ Account ကနေစတင်ဖြန့်‌‌‌ဝေခဲ့တာဖြစ်ပြီး “ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်တပ်ဖွဲ့မှူးက ရဲပြေး ဒုကြပ် ဒုန်နှဲမ်လာလ်သည် နိုဝင်ဘာ (၃) ရက်နေ့မှာ CDM ပြုလုပ်သွားရာမှ (၃) ရက်အတွင်းပျောက်ဆုံးနေကြောင်း သိရသည်” လို့ရေးသားဖော်ပြထားတာဖြစ်ပါသည်။

ဒါအပြင် CDF အဖွဲ့အတွင်း လူမျိုးကြီးချင်းမျိုးနွယ်များနှင့် မင်းတပ်အရှိုချင်း ဂန့်ဂေါအဖွဲ့တို့က ပြဿနာလွဲချနေကြပြီး CDM ရဲမေ ဒုန်နှဲမ်လာလ်ကို လက်ခံထားသူအဖွဲ့ကို မေးမရမြန်းမရဖြစ်နေပြီး မည်သည့် CDF အဖွဲ့မှတာဝန်မယူသေးကြောင်းသိရသည်လို့  Facebook စာမျက်နှာမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

နောက် Thami Lay Account တစ်ခုကလည်း “ဒီသတင်း အရင်ရက်ကလည်းတွေတယ်၊ အပုပ်ချသတင်းလားမသိဆိုပြီး နေလိုက်တာ၊ ဒီနေ့သတင်းထပ်တွ့သလို ချင်းဂျင်းမီးဒီယာ Zalan ကမဟုတ်ဘူးလို့ ထငြင်းတော့ ဟုတ်ဖို့များတယ်လို့သေချာသွားတယ် သူရှင်းထားတာက အဲ့ဒီရဲမေက မိသားစုဆီသွားနေနေတာတဲ့ CDF ထဲရောက်သွားသူတွေ အိမ်ပြန်တယ်လို့ မရှိပါ၊ တကယ်ပြန်အုံးတော့ သက်သေပုံလောက်တော့ ပြနိုင်ရမှာပေါ့၊ အခုတော့စာနဲပဲ ရှင်းထားတော့ သတင်းကမှန်ဖို့များတယ်။ နိုဝင်ဘာ (၃) ရက်မှ CDM ဆိုတော့ တကယ် သူ့စိတ်ရင်းနဲ့ လုပ်တာမဟုတ်လောက်၊ ဖမ်းဆီးအနိုင်ကျင့်ပြီးမှ CDM လုပ်ပါတယ်ဆိုပြီး သတင်းလွင့်တာြဖစ်မယ် “ မူရင်းသတင်းအမှားကို ကိုးကားပြီး ပြန်လည်ဖြည့်စွက်ရေးသားဖော်ပြထားတာတွေ့ရသည်။

CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ်နဲ့ ပတ်သက်သည့် ထွက်ပေါ်နေတဲ့သတင်းအပေါ် သူ့မိတ်ဆွေတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့သတင်းကအမှားပါ။ ရဲမေးလေနဲ့ ကျမ အဆက်သွယ်ရပါတယ်။ အေးအေးဆေးဆေးပဲရှိပါတယ်။ မိသားစုများနဲ့အဆက်သွယ်မလုပ်နိုင်ဘူးဆိုရင်တောင် အေးအေးဆေးဆေး အဆင်ပြေတဲ့နေရာမှာရှိပါတယ်။” ဟုပြောပါသည်။

ဒါကြောင့် CDM ရဲမေ ချင်းမလေး ဒုန်နှဲမ်လာလ် မုဒိမ်းကျင့်အသတ်ခံလိုက်ရ၊ လူမတွေ့အလောင်းရှာမရဖြစ်နေ ဆိုတဲ့ Facebook စာမျက်နှာမှာပြန့်နေတဲ့ သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတဲ့ အစိုးရဝန်ထမ်းများစွာဟာ CDM ပြုလုပ်လာကြတာနဲ့အမျှ CDM ပြုလုပ်လာသည့် အစိုးရဝန်ထမ်းများနှင့် CDF တို့ကြား အချင်းချင်းယုံကြည်ခြင်းကင်းမဲ့အောင် သတင်းတု၊ သတင်းအမှားများဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့မှုများပြားလာပါသည်။

သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတု သတင်းအမှားများကို ဖတ်ရှုပြီး အချိန်မကုန်စေပဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနက သတင်းကိုသာဖတ်ရှုသင့်ပါသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...