ဟိုပင်မြို့တွင် လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားများပစ်ခတ်မှုကြောင့် (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ

ဟိုပင်မြို့တွင် လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားများပစ်ခတ်မှုကြောင့် (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရ

ဟိုပင်မြို့ ထူးထိုက်စံလက်ဖက်ရည်ဆိုင်၌ နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် သေနတ်သမားများ လာရောက်ပစ်ခတ်မှုကြောင့် လူ(၆) ဦးသေဆုံးပြီး (၇) ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။

“ ၆ ဦး သေဆုံးတာမှန်တယ် ၊ ၇ ဦးကတော့ ဒဏ်ရာရတယ်။ အခုအရေးပေါ်ကား ၃ စီးရှိပြီ ပိုတာ ၊ ခုလေးတင်ပို့တာတစ်စီး” ဟု ဟိုပင်မြို့ခံတစ်ဦးကဆိုသည်။

အခင်းဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရသူများနှင့် ဒဏ်ရာပြင်းထန်သူများကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်လိုက်သည်။

သံဃာတော်တစ်ပါး ၊ လက်ဖက်ရည်ဆိုင်သို့ လာရောက်စားသုံးသူများ၊ ဆိုင်ရှင်နှင့် ဆိုင်အလုပ်သမားများ သေဆုံးခဲ့ကြောင်း သိရသည်။

“ လက်ဖက်ရည်ဆိုင်မှာလဲ ဆိုင်ရှင်သမီးကလေးလေး ၅ နှစ် ၆ နှစ်အရွယ်လောက်ရှိပြီ သူလည်း သေနတ်ကျည်ထိတယ် ၊ တစ်ဆိုင်လုံးလဲသွေးတွေကြီးပါပဲ ၊ စိတ်မကောင်းဘူး “ ဟု ဟိုပင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကိုမျက်မြင်တွေ့သူတစ်ဦး၏ ပြောဆိုချက်အရ အိမ်စီးကားအဖြူရောင်ဖြင့် လူ (၇) ဦး လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိုပင် PDF က ယခုဖြစ်ရပ်မှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ထိရောက်စွာအရေးယူသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...